DVB Logo
Home
Lead Story
အယ်နောင်းရဲ့ ခွန်အားပေးသီချင်းသစ်-“အားတင်းထားပါ” (ရုပ်သံ)
DVB
·
September 9, 2020
အယ်နောင်းရဲ့ ခွန်အားပေးသီချင်းသစ်-“အားတင်းထားပါ” (ရုပ်သံ)
Donate to DVB

       “ဘယ်သူကြုံချင်ပါ့မလဲ… အဖြစ်ဆိုးတွေ… ကပ်ဆိုးတွေ… ငါသင်မင်းကြောင့် အပြစ်မဆိုနဲ့… ရင်ဆိုင်ဖြေရှင်းမယ်… အနာတရတွေ ရှိလည်းပဲ… အပြုံးမပျက် ငါတို့ အ ရှုံးမပေးဘူးကွယ်”

       ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် အယ်နောင်းရဲ့ သီ ချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “အားတင်းထားပါ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music ကတဆင့် ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး ROS တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ တကျော့ပြန် ကိုဗစ်ကာလ စိတ်ခွန်အား ပေးသီချင်းတပုဒ်အနေနဲ့ ဖြန့်ချိထားခဲ့တာ ဖြစ်ပါ တယ်။

       “အန္တရာယ် လက်တကမ်းမှ… နင့်ဘေးမှာ ငါ့အနားမှာ… ရန်သူတွေ ဝိုင်းနေပေ မယ့်… ကြင်နာစွာ စတေးမယ်… မျက်ကွယ်မပြုဘူးကွယ့်… တာဝန်ဆိုတာထက် တို့ပို တယ်… အားတင်းထားပါကွယ်… အားတင်းထားပါကွယ်… မနက်ဖြန်များမှာ တို့ရှိမယ် … အားတင်းထားပါကွယ်… အားတင်းထားပါကွယ်… အားလုံးအတွက် ငါတို့ရှိမယ်”

       အယ်နောင်းကိုတော့ တချိန်က နှံကောင်လေးတွေလို့တင်စားကြရမယ့် The Ants တေးဂီတအဖွဲ့နဲ့ တွဲပြီး ထွက်ရှိခဲ့တဲ့ “ရောင်စုံချောကလက်” ၊ “နှံကောင်လေးရဲ့ နွေဦးပုံ ပြင်” စတဲ့ တေးအယ်လ်ဘမ်တွေနဲ့ မှတ်မိကြမှာဖြစ်သလို သူ့ရဲ့ တကိုယ်တော်တေးအယ် ဘမ်တွေဖြစ်တဲ့ “အနောက်တောင်မုတ်သုံ” ၊ “ခိုင်မြဲခြင်း” ၊ “မင်းရှိမှ မင်းရှိရင်ဖြစ်တယ်” စတဲ့ တေးအယ်လ်ဘမ်တွေနဲ့လည်း ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့သူ ဖြစ်ပါတယ်။

       အယ်နောင်းရဲ့ သီချင်းတွေထဲက “အချစ်နဲ့ဝိုင်” ၊ “မင်းမရှိရင်မဖြစ်လို့” ၊ “လမ်းခွဲ” ၊ “တရွေ့ရွေ့ဝေးကွာ” စတဲ့ သီချင်းတွေဟာ ထင်ရှားပြီး နောက်ပိုင်းသူပါဝင်သီဆိုထားခဲ့တဲ့ အတွဲတေးအယ်လ်ဘမ်တွေဖြစ်တဲ့ “အချစ်၏သင်္ကေတ” ၊ “ချယ်ရီနွေဦး” စတဲ့ တေးအယ် လ်ဘမ်တွေဟာလည်း ပရိသတ်တွေအားပေးမှုတွေ ရရရှိထားခဲ့တာပါ။

       “ကြုံလာသမျှ အဆိုးအပြစ်များစွာ… အချိန်တန်တနေ့ အဆုံးသတ်သွားမှာ… အန္တ ရာယ်ကပ်ဆိုးက ပေးတဲ့ သင်ခန်းစာ… အဆုံးအရှုံးများကြားက အမှတ်တရား မင်းရှာပါ”

       ခုအသစ်ထွက်ရှိလာတဲ့ “အားတင်းထားပါ” သီချင်းထဲမှာတော့ ပရိသတ်တွေက အယ်နောင်းရဲ့ လတ်ဆတ်တဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ခွန်အားပေးတေးသွား စာ သားတွေနဲ့ သီဆိုဟန်ကို ပြန်လည်ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013