
ဒီနေ့မနက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပိုးတွေ့လူနာသစ် ၇၃ ယောက်တွေ့ခဲ့ပြီး ဒီလူနာတွေအားလုံးဟာ Music Zone ကဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စောအောင်ရွှေဖြူက ဒီဗွီဘီကို ပြောပါတယ်။
ကိုဗစ်လူနာနံပါတ် ၇၄၁ နဲ့ဆက်စပ်ပြီး Music Zone မှာဘဲ ကွာရတင်းထားရာကနေ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိတာလို့ ဆိုပါတယ်။
"အကုန်လုံးMusic Zone ကပါ။ ဆက်စပ်ပြီး ကူးခံရတာပါ။” လို့ ဒေါက်တာ စောအောင်ရွှေဖြူက ပြောပါတယ်။
Music Zone ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာဖွင့်လှစ်ထားပြီး၊ စားသောက်ဆိုင်၊ စင်တင်တေးဂီတနဲ့ KTV ပါတွဲပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
လူနေထူထပ်တဲ့ ရန်ကုန်မှာတော့ ပိုးတွေ့လူနာအရေအတွက်ဟာ စက်တင်ဘာ ၈ ရက် အတွက် ကိုဗစ်၁၉ အတည်ပြုလူနာသစ် ၁၄၈ ယောက်အထိတိုး လာတာကြောင့် ရန်ကုန်တိုင်းမှာ စုစုပေါင်း အတည်ပြုလူနာအရေအတွက်ဟာ ၈၆၈ ယောက်အထိရှိသွားပြီ ဖြစ်ပါတယ်။










