DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာအမှတ် ၁၁၅၅ နှင့်တွေ့ဆုံခဲ့သည့် ရွှေဘိုမြို့က ဇနီးမောင်နှံတွင် ပိုးမတွေ့
DVB
·
September 9, 2020
ကိုဗစ်လူနာအမှတ် ၁၁၅၅ နှင့်တွေ့ဆုံခဲ့သည့် ရွှေဘိုမြို့က ဇနီးမောင်နှံတွင် ပိုးမတွေ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၁၅၅ နဲ့ တွေ့ဆုံခဲ့သူ ဇနီးမောင်နှံအပါအဝင် Facility Quarantine ဝင်နေသူ ၄၂ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စက်တင်ဘာ ၇ ရက်က မန္တလေး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL-MDY) ကို ပေးပို့စစ်ဆေးခဲ့ရာမှာ ရောဂါ မတွေ့ဘူးလို့ သိရပါတယ်။

အတည်ပြုလူနာအမှတ် ၁၁၅၅ နဲ့တွေ့ဆုံခဲ့သူ ဇနီးမောင်နှံအပါအဝင် ထိုင်းပြန်၊ အိန္ဒိယပြန်၊ ရန်ကုန်ပြန် အားလုံး ၄၂ ဦးရဲ့ ဓာတ်ခွဲအဖြေအားလုံး negative ဖြစ်တယ်လို့ ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာဝင်းလဲ့လဲ့ထွေးက ပြောပါတယ်။

လတ်တလော Stay at Home မြို့နယ်တွေနဲ့ ပြည်ပနိုင်ငံတွေကနေ  ရွှေဘိုမြို့နယ်အတွင်း ဝင်ရောက်လာသူ အားလုံး Facility Quarantine  ၂၁  ရက်နဲ့  Home Quarantine  ၇ ရက်ဝင်ရောက်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။

စားသောက်ဆိုင်တွေ စည်းကမ်းလိုက်နာခြင်းမရှိပါက ၃ ရက် ပိတ်သိမ်းမှာဖြစ်ပြီး Mask တပ်ဆင်ခြင်းမရှိပဲ မြို့တွင်းသွားလာပါက အရေးယူမယ်လို့လည်းကြေညာထားပါတယ်။

ဒါ့အပြင် မြို့အဝင်အထွက်ဂိတ်တွေဖြစ်တဲ့ ရွှေဘို-မန္တလေး မုခ်ပေါက်ဂိတ်၊ ရွှေဘို-ကျောက်မြောင်း ရတနာသိင်္ခ တံတားဂိတ်၊ ရွှေဘို-မြစ်ကြီးနား မြောင်းကြီးဂိတ်တွေကို လည်း စည်းကမ်းကြပ်မတ်စစ်ဆေးနေပါတယ်။

လတ်တလော ရွှေဘိုတက္ကသိုလ် Facility Quarantine  စင်တာမှာ ထိုင်းနိုင်ငံက ပြန်လာသူ ၁၆ ဦး ၊ အိန္ဒိယပြန်  ၁ ဦး ၊ ရန်ကုန်ကလာသူ ၆ ဦး၊  သင်တန်းတက်ပြီးပြန်လာသူ ၃ ဦး၊ ကိုဗစ်လူနာ Case 1155 တွေ့ဆုံသူ ၂  ဦးအပါအဝင် စုစုပေါင်း ၄၂ ဦးကို အသွားအလာကန့်သတ် ကွာရန်တင်း ထားရှိပါတယ်။ 

သတင်း- အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013