DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲမြို့နယ်တွင် ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁ ဦးရှိလာ
DVB
·
September 9, 2020
ရမ်းဗြဲမြို့နယ်တွင် ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁ ဦးရှိလာ
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ ဦး တွေ့ရှိပြီး လူနာကို ဆေးရုံအဆောင်သစ်မှာထားရှိကာ ကုသပေးသွားမှာဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်နိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“လူနာ ၃၀၀ နီးပါးပို့တာမှာ ၁ ယောက်တွေ့တာပါ။ ကျနော်တို့မှာ နဂိုကတည်းက စီစဉ်ထားပြီးသားပါ။ ဆေးရုံမှာ ရှိပါတယ်။ ဆေးရုံအသစ်မှာ ထားပါတယ်။ လူနာအနေနဲ့ စီစဉ်ထားတာက အယောက် ၂၀ စာ စီစဉ်ထားပါတယ်။ ကျနော်တို့ လူနာမရောက်ခင်ကတည်းက လူနာရဲ့မိသားစုဝင်တွေအားလုံး အဲဒီအိမ်မှာ နေမယ်ဆိုပြီးတော့ Quarantine ထားတာဖြစ်ပါတယ်။ တစ်ယောက်မှ အပြင်မထွက်ရပါဘူး။ တစ်အိမ်သားလုံး ယူတဲ့ဟာမှာ သူတစ်ယောက်တည်းပဲ Positive တွေ့တာဖြစ်ပါတယ်။”

အဆိုပါပိုးတွေ့လူနာဟာ ရမ်းဗြဲမြို့နယ် ဟုံးဝကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ခရီးသွားရာဇဝင်မရှိဘဲ ဖခင်ဖြစ်သူက ကျောက်ဖြူမြို့ကို သွားရောက်ခဲ့တဲ့အတွက် မိသားစုဝင်အားလုံးကို Home Quarantine ထားရှိ ဆေးစစ်ခဲ့ရာမှာ သမီးဖြစ်သူမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ရမ်းဗြဲမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။

“သူက ဟုံးဝကျေးရွာကပါ။ သူကတော့ ခရီးသွားရာဇဝင်မရှိဘူး။ သူ့ရဲ့အဖေက ကျောက်ဖြူကိုသွားခဲ့လို့ သူတို့တမိသားစုလုံးကို Quarantine ထားပြီးတော့ တအိမ်လုံးကို စစ်ဆေးတာပေါ့။ အဖေမှာလည်း မရှိဘူး။ ကျန်တဲ့လူတွေမှာလည်းမရှိဘူး။ သူတယောက်တည်းမှာပဲ လာတွေ့တယ်။ သူ့ကိုတော့ အခုဆေးရုံကို ယူဆောင်နေပြီပေါ့” 

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သြဂုတ် ၁၆ ရက်က စတင်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့ရှိပြီးတဲ့နောက် ၁၆ မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တဖြည်းဖြည်း တွေ့ရှိခဲ့ပေမယ့်လည်း ရမ်းဗြဲမြို့နယ်မှာတော့ စက်တင်ဘာ ၇ ရက်ကမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး စတင်တွေ့ရှိလာတာ ဖြစ်ပါတယ်။

သတင်း-နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013