DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်း အလည်အပတ်နေရာအားလုံးပိတ်၊ ဈေးများတပတ် ၃ ရက် ဖွင့်မည်
DVB
·
September 8, 2020
ကယားပြည်နယ်အတွင်း အလည်အပတ်နေရာအားလုံးပိတ်၊ ဈေးများတပတ် ၃ ရက် ဖွင့်မည်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်တချို့မှာ ပြည်တွင်း ကူးစက် ကိုဗစ်-၁၉ လူနာပိုမိုတွေ့ရှိလာလို့  ကယားပြည်နယ်တွင်းက အလည်အပတ်နေရာ အားလုံးပိတ်ပြီး ဈေးတွေလည်း တပတ် ၃ ရက်သာ ဖွင့်လှစ်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

လူစုလူဝေး မဖြစ်ပေါ်စေဖို့ ကယားပြည်နယ်အတွင်းရှိ အထင်ကရနေရာတွေဖြစ်တဲ့  ထီးစဲခါးရေတံခွန်၊  ကြတ်ဂူ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ ကွိုင်ငံရေထွက်၊ ရေပြာအိုင်(နန်းမယ်ခုံ)၊  ထီးပရူနူဂူနဲ့  ဆင်ဖြူတောင်တို့ကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး ယာယီပိတ်သိမ်းထားကြောင်း ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး မနက်ဖြန်ကစပြီး ပြည်နယ်အတွင်းရှိ နေ့စဉ်ဖွင့်လှစ် ရောင်းချနေတဲ့ ဈေးတွေကိုလည်း အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနဲ့  စနေနေ့တွေမှသာ ဖွင့်လှစ်ဖို့ ထုတ်ပြန်ပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ရောက်ရှိလာသူ အားလုံး၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်နဲ့ ကဝမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တွေကနေ ကယားပြည်နယ်ကို ဝင်လာသူအားလုံး  Community Based Facility Quarantine မှာ ၁၄ ရက် နေထိုင်ပြီး ဓာတ်ခွဲနမူနာ တစ်ကြိမ် ရယူ စစ်ဆေးသွားဖို့နဲ့ Home Quarantine ၇ ရက် ထားရှိ ဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားပါတယ်။ 

ခရီးသည်သယ်ယူပို့ဆောင်တဲ့ ယာဉ်တွေနဲ့ ကုန်စည်သယ်ယူ ပို့ဆောင်တဲ့ ယာဉ်တွေအားလုံး စက်တင်ဘာ ၉ ရက်ကစပြီး  ည ၁၂ နာရီမှ မနက် ၄ နာရီအချိန်ထိ ပြေးဆွဲခြင်း၊ ပြည်နယ် အတွင်းသို့ ဝင်ရောက်ခြင်း မပြုဖို့၊ ပြည်နယ်အတွင်းရောက်ရှိလာတဲ့ ကုန်တင်ယာဉ်တွေအနေနဲ့  သက်ဆိုင်ရာ နေရာတွေကို တိုက်ရိုက် ပို့ဆောင်ခြင်း မပြုဘဲ  ရောက်ရှိလာတဲ့ ကုန်တင်ယာဉ်တွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ လွိုင်ကော်မြို့၊ ဒေါဥခူရပ် ကွက်ရှိ အ.ထ.က (၆)မှာ ယာဉ်ရပ်နားစခန်း ထားရှိပြီး သက်ဆိုင်ရာ ကုန်သည်တွေက လာရောက် သယ်ဆောင်တဲ့ စနစ်နဲ့ ဆောင်ရွက်သွားဖို့ ညွန်ကြားထားပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ရေး ကယားပြည်နယ်ရှိအလည်အပတ်နေရာတွေကို အခုနှစ် မတ်လကစပြီးအစိုးရက ယာယီပိတ်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ 

ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ ပိုမိုများပြားလာတဲ့အတွက် တကျော့ပြန် ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013