DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ရွှေအရောင်းအဝယ် ခေတ္တရပ်နား
DVB
·
September 8, 2020
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ရွှေအရောင်းအဝယ် ခေတ္တရပ်နား
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအများအပြား စစ်ဆေးတွေ့ရပြီးနောက်ပိုင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ အရောင်းအဝယ်လုပ်တာကို ခဏ ရပ်နားလိုက်ပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “လူနာ ၁၀၀ တွေ့တယ်လို့ကြေညာပြီး နောက်နေ့ကစလို့ လူတွေက မလာတော့တာ။ ရုံးကတော့ ကိုဗစ်အတွက် အကူအညီပေးဖို့ ဖွင့်ထားပါတယ်။ အရောင်းအဝယ်ကို ခဏ ရပ်လိုက်တာပါ။ ရွှေဈေးနှုန်းကတော့ ရွှေဆိုင်တွေက ဖွင့်နေပါတယ်” လို့ ပြောပါတယ်။

အသင်းရုံးမှာလည်း ရွှေဆိုင်တွေကပဲ အများအားဖြင့်လာရောက် ရောင်းဝယ်ကြတာဖြစ်လို့ ရွှေဈေးကွက်ကိုတော့ မထိခိုက်ဘူးလို့ သူက ပြောပါတယ်။

အသင်းပေါက်ဈေးနဲ့ အပြင်ဆိုင်တွေ ပေါက်ဈေး တကျပ်သားမှာ ကျပ် ၂,၀၀၀ ပဲကွာပြီး အခုတလောမှာလည်း လိုအပ်လို့ နည်းနည်းလာရောင်းတာမျိုးပဲ ရှိတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နောက်ပိုင်းမှာတော့ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးနှုန်းဟာ ကျပ် ၅,၀၀၀ ကစပြီး နည်းနည်းစီလျော့ကျလာတာကို တွေ့ရပါတယ်။

ဒီမနက် ဈေးနှုန်းကတော့ အခေါက်တကျပ်သား အရောင်းဈေး ၁,၃၀၈,၀၀၀ ကျပ်၊ အဝယ်ဈေး ၁,၃၀၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ မနေ့က နေ့လယ်ပိုင်း ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို ၁,၉၃၄ ဒေါ်လာရှိပါတယ်။

ဓာတ်ပုံ-YGEA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013