DVB Logo
Home
မြန်မာသတင်း
ကျေးလက်အမျိုးသမီးများ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တိုက်တွန်း
DVB
·
June 21, 2013
ကျေးလက်အမျိုးသမီးများ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်  တိုက်တွန်း
Donate to DVB

ကယားပြည်နယ် ကျေးလက်တောရွာက အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဘ၀မြှင့်တင်ရေးတွေ ဆောင်ရွက်ပေးဖို့ ကရင်နီ အမျိုးသမီးအဖွဲ့အစည်းတွေက သက်ဆိုင်ရာ ပြည်နယ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ် ဒီမောဆိုမြို့မှာ ဇွန်လ ၁၉ ရက်နဲ့ ၂၀ ရက်တွေက  ကယား အမျိုးသမီး ညီလာခံ ကျင်းပအပြီး အခုလို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

[caption id="attachment_40911" align="alignright" width="300" caption="ညီလာခံကျင်းပစဉ် (ဓာတ်ပုံ - KNWO)"][/caption]

အစိုးရက နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ရာမှာ  အထူးသဖြင့် ဝေးလံခေါင်းပါးဒေသက ကျေးလက်အမျိုးသမီးတွေအတွက်  အထူးစီမံချက်အနေနဲ့ ဆောင်ရွက်ပေးဖို့ ကယားပြည်နယ်အစိုးရကို တိုက်တွန်းထားတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ မော်သိုးမြာမိညိုက  ဒီဗွီဘီကို ပြောပါတယ်။

“ပြည်နယ်အစိုးရကို ကျမတို့ အကြံပေးတိုက်တွန်းတာက ကျေးလက်ဒေသရှိ ဝေးလံခေါင်ဖျားဒေသက အမျိုးသမီးနဲ့ ကလေးတွေအတွက် အသက်မွေးဝမ်းကြောင်းပညာတွေ၊ နောက် လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အထူးစီမံချက်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့တွေ ပါတယ်။”

ဒါ့အပြင် ကယားပြည်နယ်မှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို စနစ်တကျ ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါးကာကွယ်ရေးနဲ့ လျှော့ချရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီညီလာခံမှာ အစိုးရဌာနဆိုင်ရာက အမျိုးသမီးတွေ၊ မြို့နယ်အားလုံးက ရွာသူအမျိုးသမီး ကိုယ်စားလှယ်တွေ၊ လူမှုအခြေပြုအဖွဲ့အစည်းက အမျိုးသမီးတွေ တက်ရောက်ပြီး ရင်းရင်းနှီးနှီးဖလှယ်ခဲ့သလို ကွန်ရက်အဖွဲ့တွေ  စုစည်းနိုင်ခဲ့တဲ့အတွက် ရှေ့လျှောက် မိမိပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ မော်သိုးမြာက ပြောပါတယ်။

ပထမဆုံးအကြိမ်  ကရင်နီအမျိုးသမီးညီလာခံအပြီး  ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့အားလုံး ဒီမောဆိုမြို့နယ် ဆိုဘောဒဲရွာမှာ ကျင်းပတဲ့ ၁၃၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို  တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013