DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ Quarantine စင်တာ၌ အမျိုးသမီးများအတွက် လုံခြုံမှုမရှိသဖြင့် ရွေ့ပေးရန် တောင်းဆို  
DVB
·
September 7, 2020
ကျောက်ဖြူ Quarantine စင်တာ၌ အမျိုးသမီးများအတွက် လုံခြုံမှုမရှိသဖြင့် ရွေ့ပေးရန် တောင်းဆို  
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပညာရေးကောလိပ်ခြံဝင်းရှိ Quarantine စင်တာမှာ နေထိုင်နေကြရတဲ့  အမျိုးသမီးတွေမှာ လုံခြုံမှုမရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံ စားနေရတယ်လို့ ကာယကံရှင် အမျိုးသမီးတွေက ပြောပါတယ်။

ကျောက်ဖြူမြို့ ပညာရေးကောလိပ်ခြံဝင်းရှိ Quarantine စင်တာမှာ အသွားအလာစောင့်ကြည့် ကန့်သတ်ခံထားရတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ စင်တာတခုတည်းမှာ ရောနှောနေထိုင်ကြရကာ အခန်းကိုလာရောက်နှောင့်ယှက်တာတွေ စော်ကားပြောဆိုတာတွေနဲ့ လိုက်လံနှောင့်ယှက်တတွေရှိနေလို့ သီးသန့်ထားပေးဖို့ Quarantine စင်တာမှာ နေထိုင်တဲ့  မခင်ငြိမ်းငြိမ်းချမ်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကညမှာပေါ့ ကျမအခန်းထဲမှာရှိနေတဲ့ အမျိုးသားတွေက ကျမတို့ အခန်းရှေ့ကိုလာ ပြီးတော့ အမျိုးမျိုးပြောကြတယ်။ အခန်းပြတင်းတံခါးကိုလည်း ပိတ်တာဖွင့်တာတွေလာလုပ်တယ်။ အေးအေးဆေးဆေးမနေရဘူး၊ ပြီးလို့ရှိရင် မိန်းကလေး ၂ ယောက်တည်း အိမ်သာသွားပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာလည်း အမျိုးသား ၁ ယောက်ရောက်နေတယ်။ အဲဒီအမျိုးသားကလည်း ကျမတို့တွေကို အမျိုးမျိုးလိုက်ပြောပြီးတော့ အခန်းဘက်ကိုလိုက်လာပြီးတော့ မပြန်ကြတော့ဘူး။ ညကျတော့ အခန်းတံခါးတွေကိုထုကြတယ်။ ဒီအဆောင်မှာက လူအယောက် ၁၀၀ ကျော်လောက်ရှိတဲ့ အထဲမှာ အမျိုးသမီးက ၆ ယောက်လောက်ပဲပါမယ်။ အဲဒီမှာကလေးက ၂ ယောက်နဲ့ ၄၀ ကျော် အရီး ၁ ယောက်ရယ်၊ ကျမတို့ အသက် ၂၀ ကျော်အရွယ် ၂ ယောက်နဲ့ ၁၀ တန်း ကျောင်းသူ ၁ ယောက်ပဲရှိတယ်။ ကျမတို့က ကိုယ့်အခန်းနဲ့ကိုယ်ဆိုတော့ ကျမဆိုရင် တအားကြောက်သွား ပြီးတော့ ညဘက်အိမ်သာတွေတောင် မသွားရဲတော့ဘူး။ ဖြစ်နိုင်ရင်အမျိုးသမီးတွေကို သီးသန့် ထားပေးစေချင်တယ်”

အဆိုပါ Quarantine စင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့သူတွေအနေနဲ့ စည်းကမ်းမဲ့နေထိုင်ခဲ့ကြသူတွေကြောင့် စင်တာတွေကို ပြန်လည်သန့်ရှင်းရေးတွေ လုပ်ဆောင်နေ ကာ အမျိုးသမီးသီးသန့်ထားရှိ နိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို ဒီနေ့တော့ရွှေ့ဖို့စီစဉ်နေပါတယ်၊ အဆောင်တွေကို ပိုးသတ်ဆေးတွေလည်း ဖျန်းရဦးမယ်၊ ပြီးရင်အရင် Q နေထိုင်ခဲ့သူတွေထဲမှာ စည်းကမ်းမဲ့နေချင်သလို နေခဲ့ကြတော့ သန့်ရှင်းရေးတွေလည်းလုပ်ခိုင်းထားလို့ လုပ်နေကြတယ်။ ဘယ်အဆောင်လို့တော့ အတိအကျ ပြောလို့ မရသေးဘူး။ အဆင်ပြေတဲ့အဆောင်ကို သူတို့ရွှေ့ပေးဖို့ကိုလုပ်ဆောင်နေတယ်၊ ဒီနေ့ပဲ ရွှေ့ပေးသွားမှာပါ။”

ကျောက်ဖြူမြို့ ပညာရေးကောလိပ်ခြံဝင်းအတွင်းမှာ Quarantine စင်တာ ၄ ခုရှိကာ စစ်တွေမှပြန်လာသူ အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၅ ဦး၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူ တွေထဲမှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၉ ဦး ကိုဗစ်ပိုးတွေ့သူတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၅ ဦးကို အသွားအလာကန့်သတ် စောင့်ကြည့်ထားပါတယ်။

သတင်း - နောင်နောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013