DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၄၇၀ ဘူးသီးတောင်ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
September 7, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၄၇၀ ဘူးသီးတောင်ဆေးရုံမှ ဆင်းခွင့်ရ
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ် ၄၇၀ ရောဂါသက်သာပျောက်ကင်းတာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက "ဟုတ်ပါတယ်။ Case နံပါတ် ၄၇၀ အမျိုးသားဖြစ်တယ်။ ၂ ကြိမ် double negative ပြထားတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ သူ့ကို Hospital Quarantine ၁၄ ရက် ထားရှိပြီး စောင့်ကြည့်သွားမှာဖြစ်တယ်။ နောက်ပြီး Home Quarantine ၁၄ ရက်ပါ ထပ်မံစောင့်ကြည့်သွားရဦးမှာ ဖြစ်တယ်" လို့ ဒီဗွီဘီကို ပြောကြားပါတယ်။

အသက် ၂၄ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၄၇၀ မှာ သံတွဲမြို့က ပြန်လာတဲ့ INGO ဝန်ထမ်း လူနာအမှတ် ၄၁၃ နဲ့ လေယာဉ်အတူစီးခဲ့ပြီး တဆင့်ကူးစက်ခံခဲ့ရတာပါ။

ဘူးသီးတောင်မြို့မှာ လက်ရှိ Facility Quarantine ထားရှိသူ ၅၄ ဦး၊ Home Quarantine  ၉၅ ဦးနဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ လူနာ ၇ ဦး ကျန်ရှိ​တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့ပြည်ဆေးရုံမှာ ကိုဗစ်-၁၉လူနာ ၅၀ လောက် ဆေးကုမှုခံယူနိုင်​ပြီး လိုအပ်လာပါက လူမနေထိုင်တဲ့ ဝန်ထမ်းအိမ်ရာမှာ လူနာ ၂၀ လောက် ဆေးကုသနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013