DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းတွင် သွေလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်မား
DVB
·
June 21, 2013
မယ်လဒုက္ခသည်စခန်းတွင် သွေလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်မား
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းမှာ သွေးလွန်တုပ်ကွေးကြောင့် ၁ ဦး သေဆုံးပြီး ရောဂါဖြစ်ပွားမှု မြင့်မားနေတယ်လို့ စခန်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_26876" align="alignleft" width="300" caption="မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ မေလကုန်ပိုင်းကစပြီး သွေးလွန်တုပ် ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ဆေးရုံမှာ လူပေါင်း ၂၀၀ လောက် ကုသမှုခံယူ နေရပါတယ်။

အဲဒီထဲက ၁၀ ဦးကျော် စိုးရိမ်ရတယ်လို့ စခန်းတာဝန်ရှိသူ စောအယ်ကလယ်က ပြောပါတယ်။

“မယ်လမှာ လူဦးရေ ၅ သောင်းကျော်ရှိတဲ့အထဲမှာ ၁၀ ဦးကျော်က စိုးရိမ်ရတယ်။ ဆေးရုံမှာ လူတော်တော်များတယ်။ ၀မ်းရောဂါရော၊ သွေးလွန်တုပ်ကွေးရောဂါရော အများအားဖြင့် ကလေးတွေ ပိုများတယ်။ ”

သွေးလွန်တုပ်ကွေးရောဂါကြောင့် ပြီးခဲ့တဲ့အပတ်အတွင်း ၂ နှစ်ကျော်အရွယ်ရှိ ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရောဂါပြန့်ပွားမှုမရှိအောင် အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဆေးဝါးတွေ လိုက်ဖြန့်နေတယ်လို့ ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းမှာ ဆေးရုံ နှစ်ခုရှိပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် နေစဉ်လိုလို ဆေးရုံတက်သူရှိပြီး တချို့က သက်သာလို့ ဆင်းသွားတဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။အလားတူ နိုဖိုးဒုက္ခသည်စခန်းမှာလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားလို့ မတ်လ ၁၈ ရက်ကနေ ဇွန် ၁၂ ရက်နေ့အထိ ဆေးရုံရောက်လာတဲ့ လူနာ ၂၄၃ ဦး ရှိသွားပြီ ဖြစ်ပြီးတော့ ၁၀ လသားအရွယ် မိန်းကလေးတဦးလည်း သေဆုံးသွားတယ်လို့ နို့ဖိုးဒုက္ခသည်စခန်း ဆေးရုံအုပ် စောမင်းထွဋ်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013