မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဂိုးဖန်တီးမှု စံချိန်အပေါ် သူ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ဂန္ထဝင်ကစားသမား ရွိင်ကိန်းရဲ့ ဝေဖန်မှုတွေဟာ မဟုတ်မမှန်တဲ့ လုပ်ကြံပြောဆိုချက်တွေသာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
ရွိုင်ကိန်းက ဖာနန်ဒက်စ်ဟာ အသင်းအောင်မြင်မှုထက် တဦးကောင်းစံချိန်ကိုပဲ ဦးစားပေးနေတယ်လို့ စွပ်စွဲခဲ့တာကြောင့် အခုလို အပြန်အလှန် အချင်းများရတာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်က ဝေဖန်မှုကို လက်ခံပေမဲ့ မပြောခဲ့တဲ့စကားတွေကို လိမ်လည်ဇာတ်နာအောင် လုပ်တာကိုတော့ လုံးဝသဘောမကျဘူးလို့ ဆိုပါတယ်။
အခုအခါမှာတော့ သူဟာ ရွိုင်ကိန်းနဲ့ တိုက်ရိုက်ဖုန်းဆက်ဖြေရှင်းဖို့ နည်းပြဟောင်း ဆိုးရှားဆီကနေ ဖုန်းနံပါတ် တောင်းယူထားပြီး တဖက်မှာလည်း ကိန်းက အင်စတာဂရမ်မှာ မြည်းတကောင်ပုံ တင်ပြီး သရော်ထားတာကြောင့် ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။










