DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များအတွက် ကြိုတင်စီစဉ်ကြရမည်ဟု ဦးအောင်မင်းပြော
DVB
·
June 21, 2013
ဒုက္ခသည်များအတွက် ကြိုတင်စီစဉ်ကြရမည်ဟု ဦးအောင်မင်းပြော
1 / 3
Donate to DVB

နယ်စပ်တကြောမှာ ဆယ်စုနှစ်နဲ့ချီပြီး ခိုလှုံနေကြတဲ့ မြန်မာပြည်သား ဒုက္ခသည်တွေဟာ ငြိမ်းချမ်းရေးရတဲ့အခါ ပြန်လာကြဖို့ ရှိကြောင်းနဲ့ သူတို့အတွက် အလုပ်အကိုင်နဲ့ နေထိုင်ဖို့ စီစဉ်ပေးကြရမယ်လို့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပရာမှာ ဦးအောင်မင်းက အခုလို ပြောဆိုခဲ့တာပါ။

အစိုးရအဖွဲ့ထဲက ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်လည်း တက်ရောက်သလို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဌာနေကိုယ်စားလှယ်တွေ တက်ပါတယ်။

ဒီအခမ်းအနားကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သ၀ဏ်လွှာပေးပို့ပါတယ်။

အဲဒီထဲမှာ ကမ္ဘာတလွှား ဒုက္ခသည်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၄၅ သန်းရှိကြောင်းနဲ့ အဲထဲက တ၀က်ဟာ ကလေးတွေဖြစ်ပြီး ဒုက္ခအခံရဆုံးလို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ တ၀က်ဟာ စစ်ဖြစ်တဲ့နိုင်ငံ ၅ နိုင်ငံကဖြစ်တယ်လို့ ထောက်ပြပြီး မနှစ်က တနှစ်တည်းတင် ၄ စက္ကန့်တိုင်းမှာ လူတဦးနှုန်း ဒုက္ခသည်ဘ၀ကို ရောက်နေတယ်လို့ ဆိုပြီး အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းက ပိုမိုစည်းလုံးညီညွတ်ဖို့နဲ့ တာဝန်ခွဲဝေယူ ကူညီဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

အဲဒီအခမ်းအနားကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းနဲ့ နော်နိုရင်းက ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013