DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်များ ကမ္ဘောဇဘဏ်က လှူဒါန်း
DVB
·
September 5, 2020
ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်များ ကမ္ဘောဇဘဏ်က လှူဒါန်း
Donate to DVB

ရန်ကုန်တိုင်းထဲမှာ ကိုယ်အပူချိန်တိုင်းတာနိုင်ဖို့အတွက် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိတဲ့ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်တွေကို ကမ္ဘောဇဘဏ်က လှူဒါန်းလိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမှာသုံးဖို့ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက် ၆ လုံး လှူဒါန်းတာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရဟာ ၂၀၂၀ မေလတုန်းက စက် ၄ လုံးကို ကားတွေမှာ တပ်ဆင်ပြီး ကိုယ်အပူချိန်လိုက်လံစစ်ဆေးတာတွေလုပ်ခဲ့လို့ အခုဆိုရင် ၁၀ လုံးဖြစ်လာပါတယ်။

ဒီရွေ့လျားကိုယ်အပူချိန်စစ်ဆေးယာဉ် ၁၀ စီးနဲ့ စက်တင်ဘာ ဒုတိယပတ်မှာ ကိုယ်အပူချိန်တိုင်းတာတွေလုပ်မှာ ဖြစ်ပြီး ယာဉ်တစီးဟာ နေ့စဉ် လူ ၃၀၀၀ လောက်ကို စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရွေ့လျားကိုယ်အပူချိန်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိနိုင်တဲ့သူတွေကို ခွဲထုတ်စစ်ဆေးနိုင်ပြီး ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုတွေ ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထူထပ်တဲ့နေရာတွေမှာ တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်ခြေကနေ ကာကွယ်နိုင်ဖို့ ထိတွေ့မှုရှိသူတွေရဲ့ နောက်ကြောင်းကို ပြန်စစ်ဆေးရာမှာလည်း တာဝန်ရှိသူတွေကို အထောက်အကူ ဖြစ်စေမှာပါ။ ကျနော်ရဲ့ ရွေ့လျားကိုယ်အပူချိန်တိုင်းယာဉ်တွေနဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တွေ့ရှိမှုများတဲ့ မြို့နယ်တွေမှာ လှည့်လည်တိုင်းတာစစ်ဆေးသွားမှာပါ ” လို့ ပြောပါတယ်။

ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ အပူချိန်ကို အနီအောက်ရောင်ခြည် နည်းပညာအသုံးပြုပြီး စစ်ဆေးရာမှာ ပုံမှန်အားဖြင့် နဖူးကနေ စတင်တိုင်းတာပြီး အဓိက ခန္ဓာကိုယ်အစိတ်အပိုင်းတခုလုံးရဲ့ အပူချိန်ကို ခန့်မှန်းဖော်ပြတာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် ဖေဖော်ဝါရီလကစလို့ ငွေကျပ်သိန်းပေါင်း ၆၁၀၀၀ ကျော်လှူဒါန်းထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013