DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား ၅၅ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်
DVB
·
September 5, 2020
တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား ၅၅ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်
Donate to DVB

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ အကျဉ်းသားတွေကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာကြောင့် ၅၅ ယောက်ဟာ ဒီနေ့ ပြန်လွတ်မြောက်ခဲ့ပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်နဲ့ ၂၀၁၉-၂၀ ပညာသင်နှစ်တို့မှာ တက္ကသိုလ်ဝင်တန်းကို အကျဉ်းထောင်တွေထဲက ဖြေဆိုအောင်မြင်ခဲ့သူတွေကို ချီးမြှင့်တဲ့အနေနဲ့၊ လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့၊ နိုင်ငံတော်ရဲ့စေတနာကို နားလည်ကြပြီး ပြင်ပမှာ တက္ကသိုလ်ပညာတွေ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က “ဒီ ၂ နှစ် အောင်မြင်ခဲ့သူတွေထဲက တချို့ကတော့ လွတ်ပြီးသွားပြီ။ အခုကျန်နေတာက ၁၂၁ ယောက်။ သူတို့ကို လျှော့ရက်တွေ ပေးလိုက်တော့ ဒီနေ့ပဲ ၅၅ ယောက်က လွတ်မြောက်သွားပါတယ်” လို့ ပြောပါတယ်။

လွတ်မြောက်သွားသူတွေထဲမှာ ၄ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၃ ဘာသာဂုဏ်ထူးရှင် ၇ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၂ ယောက်၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀ ယောက်နဲ့ ရိုးရိုးအောင်မြင်ခဲ့သူ ၁၅ ယောက်ပါပါတယ်။

မလွတ်မြောက်သေးဘဲ လျှော့ရက်ပဲရခဲ့သူ ၃၈ ယောက်ရှိပြီး ဂုဏ်ထူး ၂ ဘာသာနဲ့အထက်ရသူ ၂ ယောက်၊  ၁ ဘာသာဂုဏ်ထူးရသူနဲ့ ရိုးရိုးအောင် ၃၆ ယောက်ပါပါတယ်။

ဦးရဲရင့်နိုင်က “လျှော့ရက်ပေးလို့ လွတ်သွားကြတာပါ။ တချို့ကတော့ မလွတ်နိုင်သေးတာကြောင့် လျှော့ရက်ပဲ ရတာပေါ့။ လျှော့ရက်ပေးတာမှာလည်း တဖက်သား နစ်နာစေတဲ့ အမှုကျူးလွန်ထားသူတွေ မပါပါဘူး။ ဥပမာ- လူသတ်မှုတို့၊ မုဒိမ်းမှုတို့ပေါ့။ ပြီးတော့ မူးယစ်ဆေးမှာဆိုရင်လည်း အပြားရေများတဲ့သူတွေ မပါပါဘူး” လို့ ပြောပါတယ်။

၂၀၁၉-၂၀ ပညာသင်နှစ်မှာ အကျဉ်းထောင်တွေထဲကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၂  ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013