DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ မီးလောင်ရပ်ကွက်တခု တိုက်ခန်းပြန်ဆောက်ရန် ပြင်ဆင်
DVB
·
June 20, 2013
မိတ္ထီလာ မီးလောင်ရပ်ကွက်တခု တိုက်ခန်းပြန်ဆောက်ရန် ပြင်ဆင်
Donate to DVB

မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက် ၂ ခုအနက် ရပ်ကွက် ၁ ခုမှာ လူနေတိုက်ခန်းတွေ ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

မိတ္ထီလာပဋိပက္ခအတွင်း လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ချမ်းအေးသာယာရပ်ကွက်မှာ တိုက်ခန်းတွေ ပြန်ဆောက်မယ်လို့ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ အကြံပေးတဦးလည်းဖြစ် မြို့မိမြို့ဖတဦးလည်းဖြစ်တဲ့ ဦးဝင်းက ပြောပါတယ်။

[caption id="attachment_40863" align="alignright" width="300" caption="မိတ္ထီလာတွင် အကြမ်းဖက်မီးရှို့မှုဖြစ်ပွားစဉ်က"][/caption]

“မြို့ပြန်တည်ဆောက်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုလည်း သင့်တင့်လျောက်ပတ်မှုရှိအောင် လုပ်တာပါ။ ချမ်းအေးသာယာရပ်ကွက်ကတော့ သဘောတူကြပါတယ်။ အကုန်လုံးဆိုရင်တော့ အိမ်ခြေ ၆၀၀ ကျော်လောက် ဖြစ်တယ်။ လက်ရှိတော့ မြေကွက်တွေကို ဘူဒိုဇာနဲ့ ထိုးညှိပြီးပြီ။ ၃ ထပ်အဆောင်တွေ ဆောက်မယ်။ မြေပိုင်ရှင်ကို အောက်ဆုံးထပ်မှာထားပြီး တခြား တ၀ိုင်းထဲမှာ ကပ်ပူးနေသူတွေကိုလည်း မနစ်နာရအောင် ဒုတိယထပ်၊ တတိယထပ်တွေမှာ ပေးသွားမှာပါ။”

နောက်ရပ်ကွက်တခုဖြစ်တဲ့ သီရိမင်္ဂလာရပ်ကွက်မှာ လူနေအိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးခဲ့ပြီး ရပ်ကွက်နေပြည်သူတွေက ကိုယ့်အိမ်ကိုယ်ပြန်ဆောက် နေလိုကြပြီး သက်ဆိုင်ရာကလည်း အတင်းအကျပ် မလုပ်ဘဲ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

မိတ္ထီလာပဋိပက္ခအတွင်း နေအိမ်မီးလောင်ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ ခရိုင်အားကစားကွင်း၊ ပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း၊ ရေအရင်းအမြစ်သင်တန်းကျောင်း၊ အုတ်ဖိုဘုန်းကြီးကျောင်းနဲ့ အင်းကုန်းဘုန်းကြီးကျောင်းစတဲ့ စခန်း ၅ ခုမှာ ခုချိန်ထိ ခိုလှုံ နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။
အဲဒီစခန်းတွေမှာ ဒုက္ခသည်ဦးရေ ၅၀၀၀ လောက်ရှိပြီး နေရေးစားရေးအဆင်ပြေပေမယ့် မူလအလုပ်အကိုင်တွေ ပြန်မလုပ်နိုင်ကြသေးလို့ ၀င်ငွေလည်း မရှိကြဘူးလို့ သိရပါတယ်။

ဒုက္ခသည်စခန်းနေ ကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့ သက်ဆိုင်ရာက ကျောင်းကြိုပို့ ကားကအစ စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့မတ်လထဲ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေဆီ  ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013