DVB Logo
Home
မြန်မာသတင်း
ဂျိုင်း(ဇာသပြင်)ကြိုးတံတား ပိတ်ထားခြင်းမရှိဟု ကရင်ပြည်နယ်အစိုးရပြော 
DVB
·
September 4, 2020
ဂျိုင်း(ဇာသပြင်)ကြိုးတံတား ပိတ်ထားခြင်းမရှိဟု ကရင်ပြည်နယ်အစိုးရပြော 
Donate to DVB

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ဂျိုင်း(ဇာသပြင်) ကြိုးတံတား ပိတ်ထားတာ မဟုတ်ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စစ်ဆေးရေးတွေ တင်းကြပ်ထားတာ ဖြစ်တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြန်လည် ဖြေရှင်းလိုက်ပါတယ်။  

ဂျိုင်း (ဇာသပြင်) ကြိုးတံတား ပိတ်ထားလိုက်လို့ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာတွေမှာ  သတင်းတွေပျံ့နှံ့ခဲ့ပြီးနောက်  ကရင်ပြည်နယ်ကို လာရင် ကွာရန်တင်း ဝင်ရမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

ကရင်ပြည်နယ် လူမှုဝင်ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်ကတော့ ဂျိုင်း(ဇာသပြင်) ကြိုးတံတား ပိတ်ထားတာ မဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါကြောင့် စစ်ဆေးရေးတွေ တင်းကြပ်ထားတာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်း ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေအိမ်တွင်းနေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်ကလာသူတွေကို ထောက်ခံစာပြဖို့နဲ့ ကွာရန်တင်းစခန်းကို ပို့ဆောင်ဖို့လည်း စစ်ဆေးရေးအဖွဲ့တွေကို ညွှန်ကြားထားတာပါ။

မွန်ပြည်နယ် အစိုးရဘက်ကတော့ ကရင်ပြည်နယ်က လာသူတွေနဲ့ ပတ်သက်ရင် တစ်စုံတစ်ရာ ညွှန်ကြားထားတာ ရှိပေမယ့် ကျန်းမာရေးအရ ကိုယ်အပူချိန်တာတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာတော့ မော်လမြိုင်မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ Stay at Home သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်းတိုင်း မြို့နယ် ၇ မြို့နယ်က လာရင်သူတွေကို  ကွာရန်တင်းစခန်းထဲပို့ဆောင်ပြီး ကိုဗစ်-၁၉ ပိုး ရှိ မရှိ စစ်ဆေးနေတာပါ။

ဒါအပြင် အဲဒီမြို့နယ်တွေက လာသူတွေကို သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေနဲ့ ကားဂိတ်၊ ဘူတာရုံတွေကို အဝင်ထွက် ရှိ မရှိ ကြပ်မတ်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ 

သတင်း - ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013