
လာမယ့် ဇွန်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပြည်ထောင်စုကြံ့ခိုင်နှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ လွှတ်တော်အမတ်တွေ အပါအ၀င် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမယ်လို့ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သိန်းလင်းက ဒီဗွီဘီ ကို ပြောပါတယ်။
မကွေးအမတ် ဦးလှဆွေကတော့ လာမယ့် အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ ကိစ္စ၊ အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကိစ္စ၊ ကြံ့ခိုင်ရေးရဲ့ သမ္မတ လောင်း ကိစ္စ စတာတွေ ဆွေးနွေးမယ်လို့ သတင်းကြားပေမယ့် တရားဝင် အစည်းအဝေး အစီအစဉ်တော့ မရသေးဘူးလို့ ပြောပါတယ်။ဒီကိစ္စတွေအပြင် လာမယ့် လွှတ်တော်အတွင်း ဆွေးနွေးရမယ့် ဥပဒေကြမ်းတွေနဲ့ ကိစ္စ အ၀၀ကိုလည်း ဆွေးနွေးတိုင်ပင်ကြမယ်လို့ ဦးလှဆွေက ပြောပါတယ်။











