DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းကိုရီးယားရုပ်ရှင်ပွဲတော် ၄ ရက်ကြာ ကျင်းပ၊ ရုပ်ရှင်ကား ၃ ကား အခမဲ့ ကြည့်ရှုနိုင်
DVB
·
September 4, 2020
အွန်လိုင်းကိုရီးယားရုပ်ရှင်ပွဲတော် ၄ ရက်ကြာ ကျင်းပ၊ ရုပ်ရှင်ကား ၃ ကား အခမဲ့ ကြည့်ရှုနိုင်
1 / 4
Donate to DVB

       လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကြောင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ ရုပ်ရှင်ရုံတွေ ပိတ်ထားခဲ့ရတာမို့ အခုနှစ်ရဲ့ ကိုရီးယားရုပ်ရှင်ပွဲတော်ကိုတော့ အွန်လိုင်းကနေတဆင့် ကျင်းပနေပါတယ်။

       ဒီပွဲတော်ကိုတော့ ၄၅ နှစ်မြောက် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတာ ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့ကစတင်ကာ ၆ ရက်နေ့အထိ ၄ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက စီစဉ်တဲ့ ဒီပွဲတော်မှာတော့ နာမည်ကျော် ကိုရီးယား ရုပ်ရှင်ကား ၃ ကားကို ပရိသတ်တွေက Cookie အပလီကေးရှင်းကတဆင့် အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပွဲတော်မှာ ပြသသွားမယ့် ရုပ်ရှင်ကား ၃ ကားကတော့ အော်စကာဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ Parasite ရုပ်ရှင်အပါအဝင် အကြမ်းဖက်သမားနဲ့ အင်တာဗျူးအပြီးမှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ သတင်းသမားတဦးရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း-The Terror Live၊ နှစ်ဦးသား ပြန်လည်ဆုံတွေ့ မှုမှသည် ၁၉၉၀ ပြည့်နှစ်များဆီ ပြန်လည်ခေါ်ဆောင်သွားမယ့် အချစ်ဒရာမာရုပ်ရှင်-Architecture 101 စတဲ့ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013