DVB Logo
Home
မြန်မာသတင်း
မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်ပါဝင်သည့် အွန်လိုင်းဂီတဖျော်ဖြေပွဲကျင်းပမည်
DVB
·
September 4, 2020
မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်ပါဝင်သည့် အွန်လိုင်းဂီတဖျော်ဖြေပွဲကျင်းပမည်
Donate to DVB

       မြန်မာအိုင်ဒေါစတား ဖြိုးမြတ်အောင်အပါအဝင် Doron Band ရဲ့ ပင်တိုင်အဆို တော်တွေဖြစ်တဲ့ ခုပ်ပီ်၊ Nano Peace တို့ ပါဝင်ဖျော်ဖြေကြမယ့် အွန်လိုင်းလိုက်ဖ်ရှိုးဂီတ ဖျော်ဖြေပွဲတခုကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ ကျင်းပသွားဖို့ ရှိနေပါတယ်။

       ည ၇.၃၀ နာရီကနေ ၉ နာရီထိ တင်ဆက်ကြမယ့် ဒီဖျော်ဖြေပွဲကိုတော့ Private Online Live အနေနဲ့ ဖျော်ဖြေမှာဖြစ်ကာ Doron – Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှတဆင့် ဖျော်ဖြေသွားကြမယ်လို့ ဆိုပါတယ်။

       ကြည့်ရှုလိုတဲ့ ပရိသတ်တွေအနေနဲ့ Member ဝင်ကြေးပေးသွင်းရမှာဖြစ်ပြီး မြန်မာ ပြည်တွင်းကဆိုရင် ကျပ် ၅,၀၀၀ ၊ ပြည်ပက ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ စင်ကာ ပူဒေါ်လာနဲ့ ပေးမယ်ဆိုရင် ၆ ဒေါ်လာ၊ အမေရိကန်ဒေါ်လာနဲ့ပေးမယ်ဆိုရင် ၅ ဒေါ်လာ၊ ကိုရီးယားဝမ်နဲ့ပေးမယ်ဆိုရင် ဝမ် ၅,၀၀၀၊ ထိုင်းဘတ်နဲ့ပေးမယ်ဆိုရင် ၁၂၅ ဘတ် အသီး သီးသတ်မှတ်ပေးသွင်းရမယ်လို့ ကြေညာထားပါတယ်။

       ဟင်္သာတမြို့ဇာတိ အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် ဖြိုးမြတ်အောင်ဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆု ရရှိခဲ့ပြီး ပရိသတ်တွေ ချစ်ခင်အားပေးတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

    ပြိုင်ပွဲမတိုင်ခင်ကတည်းက သူသီဆိုထားခဲ့တဲ့ ငါတို့ရဲ့ General သီချင်းဟာလည်း ထင်ရှားပြီး ပြိုင်ပွဲဝင်ပြီးနောက်မှာတော့ သူ့ကို ဖြိုးမြတ်အောင်လို့ သိစေခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဖြိုးမြတ်အောင်ရဲ့ ပထမဆုံးသော တကိုယ်တော် တေးအယ်လ်ဘမ် “သင့်အတွက်မနက်ဖြန်” ထွက်ရှိထားခဲ့ပြီး ထွက်ထွက်ချင်း နာရီပိုင်း အတွင်းမှာတင် ရောင်းမလောက်ဖြစ်ခဲ့ပါတယ်။

    လတ်တလောမှာတော့ သီချင်းဆိုတာအပြင် စီးပွားရေးကြော်ငြာ ရိုက်ကူးတာတွေ၊ ရှိုးပွဲတွေမှာ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

       သိပ်မကြာခင်ကလည်း ဖြိုးမြတ်အောင်ဟာ အွန်လိုင်းဂီတပလက်ဖောင်းတခု ဖြစ် တဲ့ Joox Myanmar မှာ ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ JOOX 2020 Half Year Award ဆုမှာ ရေပန်းစားသီချင်းနဲ့ အနုပညာရှင်ဆု ၂ ခုလုံးမှာ ပါဝင်ရွေးချယ်ခံခဲ့ရပါသေးတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲတလျှောက် အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးကြတဲ့ ပရိသတ် (Followers) ၆ သိန်းနီးပါး ရှိပါတယ်။

လတ်တလော သူတို့ ၃ ယောက် ဖျော်ဖြေတင်ဆက်ကြမယ့် ဒီဖျော်ဖြေပွဲမှာတော့ ဘယ်လိုသီချင်းတွေနဲ့ တင်ဆက်ဖျော်ဖြေသွားကြမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု ကြရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ Doron – Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013