DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးမြို့က ကိုဗစ်-၁၉ လူနာ၂၄ ဦးအနက် ထိုင်းနိုင်ငံမှပြန်လာသူ ၂၁ ဦးပါဝင်
DVB
·
September 3, 2020
ဒိုက်ဦးမြို့က ကိုဗစ်-၁၉ လူနာ၂၄ ဦးအနက် ထိုင်းနိုင်ငံမှပြန်လာသူ ၂၁ ဦးပါဝင်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာ ၃ ရက် မနက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦးတွေ့ရှိပြီး သူတို့နဲ့ထိစပ်ခဲ့သူတွေကို စစ်ဆေး​နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒိုက်ဦးမြို့ပေါ်နဲ့ ရပ်ကျေး Facillity Quarantine စင်တာတွေက  လူ ၅၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၄ ဦးကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

ကန်ဦးဘုန်း​ကြီး​ကျောင်းနဲ့​ မြို့နယ်အားကစားကွင်းအပါအဝင် ကျေးရွာ Facillity Quarantine စင်တာ​တွေမှာ ကွာရန်တင်းဝင်နေတဲ့ ထိုင်းနိုင်ငံက ပြန်လာသူ ၂၁ ဦးနဲ့ ရခိုင်ပြည်နယ်က ပြန်လာသူ ၃ ဦးမှာ ရောဂါတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ  အတည်ပြုလူနာတွေကို Facillity Quarantine စင်တာတွေမှာပဲ ခဏထားပြီး ပဲခူးကလိဆေးရုံကြီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ ထိစပ်တဲ့သူတွေကိုတော့ လိုက်နေပါတယ်၊၊ ဒိုက်ဦးမြို့မစျေးကိုတော့ မပိတ်သေးပါဘူး။ ညမထွက်ရအမိန့်ကိုတော့ အရင်ကတည်းက ထုတ်ပြန်ထားပြီးသားပါ။"

စက်တင်ဘာ ၃ ရက်မနက်အထိ ကိုဗစ်-၁၉  အတည်ပြုလူနာသစ် ၆၃ ဦးထပ်တွေ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁,၀၅၈ ဦးရှိသွား​ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013