DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ သန်းကျော်၊ သေဆုံးသူ ၈၆၇,၃၆၀ ဦးရှိလာ
DVB
·
September 3, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆ သန်းကျော်၊ သေဆုံးသူ ၈၆၇,၃၆၀ ဦးရှိလာ
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၆ သန်းကျော်သွားရှိပြီး  သေဆုံးသူစုစုပေါင်း ၈၆၇,၃၆၀ ယောက်အထိရှိလာပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၈၉,၉၆၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၂၃,၈၉၉ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာတော့ ကူးစက်ခံရသူ ၃ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၆၇,၄၈၆ ယောက်၊ ရုရှားနိုင်ငံက  ကူးစက်ခံရသူ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၇,၄၁၄ ယောက် အသီးသီးနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှု ထိပ်ဆုံး ၄ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။

ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၀၇၇ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၃၇၈,၇၅၂ ယောက်၊ ၃၁၇,၅၂၈ ယောက်၊ ၃၁၇,၄၈၆ ယောက်စီနဲ့ အသီးသီး ရှိနေကြပါတယ်။

အဲဒီနိုင်ငံတွေရဲ့ နောက်မှာတော့ ပါကစ္စတန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၂၉၇,၀၁၄ ယောက်၊ သေဆုံးသူ ၆,၃၂၈ ယောက်နဲ့ ရှိတာပါ။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ လတ်တလောအချိန်ထိ တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၃,၄၂၇ ယောက်နဲ့ သေဆုံးသူ ၅၈ ယောက်ရှိနေပြီး လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂၂ ယောက်နဲ့ သေဆုံးသူ တယောက်မှ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ဒီကနေ့မနက်အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၀၅၈ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013