DVB Logo
Home
မြန်မာသတင်း
Junior Creative အဖွဲ့ အွန်လိုင်းအကသင်တန်းဖွင့်မည်
DVB
·
September 3, 2020
Junior Creative အဖွဲ့ အွန်လိုင်းအကသင်တန်းဖွင့်မည်
Donate to DVB

ထူးခြားတဲ့ Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်း အဖွဲ့လိုက်သရုပ်ဖော်တင် ဆက်ခဲ့ကြတဲ့ Junior Creative အဖွဲ့က အွန်လိုင်းအကသင်တန်းဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။

“လူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ် အကဝါသနာပါတဲ့သူတွေအတွက် Junior Creative Dance Crew မှ ဒီလို covid ကာလအတွင်းမှာ အကျိုးရှိစေဖို့ special plan တခု စီစဉ်ထားပါတယ်။ အဲ့ဒါကတော့ JuniorCreative Online Dance Classes ပဲ ဖြစ်ပါတယ်။ အိမ်မှာပဲပျင်းနေပြီး stay home နေရတဲ့သူတွေအတွက်ရော အကကို တကယ်ဝါသနာပါပြီး ကြိုးစားနေတဲ့သူတွေအတွက်ရော အကျိုးရှိမှာပါ။ ❗ လုံးဝအခြေခံကျကျ foundationတွေပဲ သင်မှာဖြစ်လို့ မလိုက်နိုင်တာတို့ ခက်တာတို့လည်း မရှိစေရပါဘူး။ အရမ်းလွယ်ကူပြီး ကရတာကို fun ဖြစ်ဖြစ်နဲ့သင်ကြားပေးသွားမှာ ဖြစ်ပါတယ်”

Junior Creative အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး (Stop Child Sexual Abuse) အတွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက် သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး Winner ဆုကို ရရှိထားခဲ့တာပါ။

ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဝါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင် အဆိုတော်တဦးဖြစ်တဲ့ ချစ်သုဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေး တို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

America’s Got Talent က ပြုလုပ်တဲ့ The Champions Season 2 မှာတော့ သူ တို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ တခြား Talent တွေမှာ အနိုင်ရခဲ့ သူတွေ Finalist တွေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပွဲတခု ဖြစ်ပါတယ်။

The Champions Season 2 မှာတော့ သူတို့အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ မိသားစုလေးတစုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရ၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူမခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြခဲ့ကြတာ ဖြစ်ပါ တယ်။

       လတ်တလောမှာတော့ Junior Creative အဖွဲ့ရဲ့ အွန်လိုင်းအကသင်တန်းကို Hip Hop၊ Dance Hall ၊ B-Boy၊ Whacking နဲ့ Iso Choreography စတဲ့ ကြိုက်နှစ်သက်ရာ အမျိုးအစားအလိုက် တက်ရောက်နိုင်မှာဖြစ်ပြီး တလခွဲကြာမြင့်မယ့် သင်တန်းတခုစီအတွက် သင်တန်းကြေး ကျပ် ၅ သောင်းနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

       သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Junior Creative အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/JuniorCreativeDanceCrew/posts/1663536120471051  ပေါ်မှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013