DVB Logo
Home
မြန်မာသတင်း
ဟိုတယ်အခန်းပေါင်း ၄၀၀၀ ကျော် ထပ်တိုးမည်
DVB
·
June 19, 2013
ဟိုတယ်အခန်းပေါင်း ၄၀၀၀ ကျော် ထပ်တိုးမည်
Donate to DVB

ကမ္ဘာလှည့် ခရီးသည်တွေ ၀င်ရောက်မှု များပြားလာတဲ့အတွက် မြန်မာတနိုင်ငံလုံးရဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍမှာ ဒီနှစ်ထဲ အခန်းပေါင်းအရေအတွက် ၄၀၀၀ ကျော် တိုးလာဖို့အတွက် စီမံကိန်းတွေ စတင်ဆောင်ရွက်နေပါတယ်။

ထပ်မံပေါ်ထွက်လာမယ့် အခန်းပေါင်း ၄၀၀၀ ကျော်ထဲမှာ ရန်ကုန်မြို့အတွက် တိုးလာမယ့် အခန်းအရေအတွက်ဟာ ၁၅၀၀ ကျော်ဖြစ်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။

၂၀၁၃ ခုနှစ်ထဲမှာ Novotel Hotel၊ Center Point Hotel နဲ့ Amara Rose Hotel စတဲ့ ဟိုတယ် ၃ ခု အသစ်ပေါ်ထွက်လာမှာဖြစ်ပြီး Novotel က အခန်းပေါင်း ၃၆၆ ခန်း၊ Amara Rose က အခန်းပေါင်း ၂၀၀ လောက်နဲ့ Center Point က အခန်းပေါင်း ၃၀၀ လောက်နဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဟိုတယ်လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက အခုလိုပြောပါတယ်။

“လက်ရှိရှိနေတဲ့ ဟိုတယ်တွေကိုပဲ အဆင့်မြှင့်တင်ရင် ဒီ ၁-၂ နှစ်အတွင်း လုံလုံလောက်လောက် ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လောက် လောက် တက်လာမလဲဆိုတာက ခန့်မှန်းခြေပဲ ပြောလို့ရမှာဖြစ်လို့ အတိအကျပြောလို့မရဘူး။ ဧည့်သည်တွေအတွက်ကတော့ ၂၀၁၄ အကုန် ၂၀၁၅ လောက်လို လုံလောက်မှုဖြစ်သွားမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

ပြည်ပစီမံကိန်းအနေနဲ့ကတော့ ဗီယက်နမ်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲမှာ တည်ဆောက်နေတဲ့ ဟိုတယ်လုပ်ငန်း ၁ ခုရှိပါတယ်။ ဒီစီမံကိန်းပြီးစီးဖို့ကတော့ ၂ နှစ်လောက်ကြာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပဟိုတယ်စီမံကိန်း ၃ ခုရှိသေးပြီး ဟိုတယ်လုပ်ငန်းတွေရဲ့အမည်ကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

ဗီယက်နမ် ဟိုတယ်အပါအဝင် ပြည်ပဟိုတယ်စီမံကိန်း ၄ ခုက ပေါ်ထွက်လာမယ့် အသုံးပြုနိုင်မယ့် ဟိုတယ်အခန်းပေါင်းက ၉၀၀ ကျော်ဖြစ်လာမှာပါ။

ရန်ကုန်အပြင် မန္တလေးမှာ ဟိုတယ်အခန်းတိုးချဲ့မယ့် ပြည်တွင်းစီမံကိန်း ၂၀ လောက်ရှိပြီး ထပ်မံတိုးတက်လာမယ့် အခန်းအရေအတွက်က ၈၀၀ ကျော်ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပခရီးသွားများပြားတဲ့ဒေသဖြစ်တဲ့ အင်းလေးတဝိုက်မှာလည်း အခန်းတွေတိုးချဲ့ဖို့ ပြင်ဆင်နေတဲ့ စီမံကိန်း ၄ ခုလောက်ရှိနေပြီး အဲဒီ စီမံကိန်း ၄ ခုကနေ နောက်ထပ် အခန်းပေါင်း ၇၀၀ ကျော်တိုးလာမှာပါ။

ဒီနှစ်ထဲမှာ တိုးချဲ့ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအပြင် နောက်ထပ်ရောက်လာဖို့လည်း ရှိသေးတယ်လို့ ဦးတင်ထွန်းအောင်က  ပြောပါတယ်။

နိုင်ငံတကာခရီးသွားတွေအတွက် ရည်ရွယ်ပြီး ပြင်ဆင်တိုးချဲ့နေကြတဲ့ ပြည်တွင်းရဲ့ဟိုတယ်လုပ်ငန်းကဏ္ဍကို မြှင့်တင်ဖို့ အစိုးရနဲ့ပုဂ္ဂလိကဘက်က ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။

ဒါပေမယ့် နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းတွေအရေအတွက်ကတော့ နည်းလွန်းနေသေးတယ်လို့ ရန်ကုန်မြို့နေပြည်သူတချို့က ဆိုကြပါတယ်။
အခုလက်ရှိ တနိုင်ငံလုံးမှာ ဟိုတယ်အရေအတွက်ပေါင်း ၈၂၉ ခုရှိပါတယ်။ ရှိပြီးသားအခန်းပေါင်းကတော့ ၂၉၈၄၄ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်း အဓိက လိုအပ်တဲ့ နေရာကြီး ၄ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ ရန်ကုန်၊ မန္တ လေး၊ အင်းလေးဒေသနဲ့ ပုဂံတို့ပဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013