DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်း ထုတ်ပြန်မည်
DVB
·
September 2, 2020
ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်း ထုတ်ပြန်မည်
Donate to DVB

ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့ မဲဆန္ဒနယ်တွေကို လာမယ့်အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာပါ။

လက်ရှိမှာ ရခိုင်ပြည်နယ်အပါအဝင် ဒေသတချို့မှာ ကိုဗစ်-၁၉  ရောဂါကူးစက်မှု နှုန်းမြင့်မားနေတာကြောင့်  အထွေထွေရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် အခက်အခဲတစ်ခုလို ဖြစ်နေပါတယ်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နေရာတွေမှာ ကျင်းပသွားမှာဖြစ်ပြီး မပြုလုပ်နိုင်တဲ့နေရာတွေကိုတော့ လာမယ့် အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့စီစဉ်နေပေမဲ့  တစ်ဘက်ကလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ အရေအတွက်ဟာ နေ့စဉ်မြင့်တက်နေပြီး  စက်တင်ဘာ ၂ ရက် ည ၈ နာရီအထိ  မြန်မာတစ်နိုင်ငံလုံးမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာ  ၉၉၅  ဦးအထိရှိလာတာပါ။

ဒီအခြေအနေအတွင်းမှာ ကျင်းပရမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း မဲရုံတွေ တိုးချဲ့တာအပါအဝင် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  ဦးမြင့်နိုင်က ပြောပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် မဲဆန္ဒနနယ်  ၆၄၄၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ 

ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်စုစုပေါင်း ၆၉၆၉ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့  ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

သတင်း- ဖြိုးသက်ပိုင်မြင့်

ဓာတ်ပုံ- UEC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013