DVB Logo
Home
မြန်မာသတင်း
သင်္ဘောဆိပ်များတွင် တရားမ၀င်ကုန်သွယ်မှု ဇူလိုင်လကစပြီး စစ်မည်
DVB
·
June 19, 2013
Donate to DVB

ပြည်တွင်းသင်္ဘောဆိပ်တွေမှာ တရားမ၀င်ကုန်သွယ်တာတွေ စစ်ဆေးတော့မယ်လို့ သက်ဆိုင်ရာစီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။

မူဆယ်နဲ့ မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ Mobile Team အဖွဲ့တွေ ထားပြီး စစ်ဆေးလုပ်ဆောင်သလိုမျိုး ရေကြောင်းကုန်သွယ်ရေးမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး၊ လာမယ့် ဇူလိုင်လအတွင်း လုပ်ငန်းစတင်မယ်လို့ ကူးသန်းရောင်းဝယ်ရေးနဲ့စားသုံးသူရေးရာ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောပါတယ်။

“လုပ်မယ့် စီမံချက်အသေးစိတ်ရှိပါတယ်၊ ဇူလိုင်လထဲ စဖို့ များပါတယ်။ လတ်တလောတော့ စီမံချက်အတည်မဖြစ်သေးတော့ ခဏစောင့်ပေးပါ၊ မီဒီယာတွေ့ဆုံပွဲတွေလုပ်ပြီး ရှင်းပြဦးမှာပါ။ အဓိက လုပ်မှာက ကမ်းရိုးတန်းသွား သဘောင်္ဆိပ်နဲ့ နိုင်ငံတကာ သဘောင်္ဆိပ် ၂ ပိုင်းကို လတ်တလော လျာထားပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းကစပြီး မူဆယ်နဲ့မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရားမ၀င် ကုန်သွယ်နေတာတွေကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ Mobile Teamတွေနဲ့  စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီအဖွဲ့တွေကို အခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာပဲ စီးပွားကူးသန်းဝန်ကြီးဌာနကနေ သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေကို လွှဲပြောင်းပေးလိုက်ပါတယ်။

အခုလို လွှဲပေးလိုက်တာနဲ့ပတ်သက်ပြီး ဒု ညွှန်ချုပ် ဦးညွန့်အောင်က “အခုလုပ်တယ်ဆိုတာက ပြည်ထောင်စုအစိုးရ တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်တားဆီးရေး ဗဟိုကော်မတီလေ။ ဗဟိုကော်မတီအနေနဲ့ လုပ်ငန်းစတဲ့အခါမှာ တရားမ၀င်ကုန်သွယ်တားဆီးထိန်းချုပ်ရေးအတွက် ပြည်ထောင်စုအဆင့်ကနေ စလုပ်ပြတာပါ။ ပြည်ထောင်စုအဆင့်က တနယ်တကျေးသွားရတော့ ဒေသခံတွေ စလုပ်မှာပါ။ သို့သော် ဘယ်လိုလုပ်ကိုင်ရတယ်ဆိုတာ ဒီဘက်ကနေ စအကောင်အထည်ဖော် ဆောင်ရွက်ပေးလိုက်တာ၊ အခု အရှိန်ရလာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေကို လွှဲပေးလိုက်တာပါ။ နယ်မြေခံလုပ်တာ ပိုထိရောက်ပါတယ်၊ နယ်မြေခံဆိုတော့ အိုးမကွာအိမ်မကွာနဲ့ ဒေသခံကနေ တာဝန်ပေးတဲ့အဖွဲ့နဲ့ စုစည်းလုပ်ရတော့ အောင်မြင်ပါတယ်” လို့ ပြောပါတယ်။

Mobile Team အဖွဲ့တွေဖွဲ့ပြီး စစ်ဆေးလုပ်ဆောင်ခဲ့တဲ့ ကာလအတွင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်အထိ  ဖမ်းဆီးရမိ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၅၀၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၃၈၆ သန်း တိုးမြှင့် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013