DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ကိုလာသူများ ကိုဗစ်-၁၉ စစ်ဆေးခံရမည်၊ ကာယကံရှင်က ကုန်ကျစရိတ်ကျခံရမည်
DVB
·
September 2, 2020
နေပြည်တော်ကိုလာသူများ ကိုဗစ်-၁၉ စစ်ဆေးခံရမည်၊ ကာယကံရှင်က ကုန်ကျစရိတ်ကျခံရမည်
Donate to DVB

ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် နေပြည်တော်ကို လာရောက်သူတွေ၊ နေပြည်တော်ကနေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေကို သွားရောက်ပြီး ပြန်ဝင်လာသူတွေအနေနဲ့ ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို နေပြည်တော်ကောင်စီက စက်တင်ဘာ ၁ ရက်နေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထား တဲ့ မြို့နယ်မှာ နေထိုင်သူတွေ အနေနဲ့ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ နေပြည်တော်ကို လာရောက်ဖို့ ခေါ်ယူတဲ့ အကြောင်းကြားစာမပါသူတွေဟာ နေပြည်တော်ကောင်စီက သတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာမှာ ၁၄ ရက်နေထိုင်ပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ် စစ်ဆေးပြီး ရောဂါပိုးမတွေ့ပါက Home Quarantine သို့မဟုတ် Community Based Facility Quarantine နေရာမှာ ၇ ရက်နေထိုင်ပြီးမှသာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပေမယ့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အကြောင်းကြားစာရရှိတဲ့ သူတွေ၊ နိုင်ငံခြား သံတမန်တွေ၊ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ၊ သွားလာခွင့်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေအနေနဲ့ ကောင်စီကသတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာမှာ ၇ ရက်နေထိုင်ပြီး ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ရောဂါမရှိ ကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနတွေကို သွားရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြစ်ပေမယ့် ရောဂါကူးစက်မှုမရှိသေးတဲ့ မြို့နယ်တွေက လာရောက် လိုသူတွေနဲ့ ရောဂါဖြစ်ပွားခြင်းမရှိသေးတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က လာရောက်လိုသူတွေအနေနဲ့လည်း နေပြည်တော်ကောင်စီကသတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာမှာ ရောက်ရှိတဲ့နေ့ နောက်ရက်မှာ ပိုးရှိ မရှိ စစ်ဆေးပြီး ရောဂါမရှိကြောင်း အဖြေရမှသာ သွားလာခွင့်ပြုမှာဖြစ်ပါတယ်။

နေပြည်တော်မှာ အခြေချနေထိုင်သူတွေအနေနဲ့လည်း မည်သည့်မြို့ကို သွားရောက်ခဲ့ ကြောင်း အထောက်အထားခိုင်လုံစွာ မပြနိုင်သူတွေ၊ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို သွားရောက်ခဲ့ကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ့ရင် သတ်မှတ်ထားတဲ့ Community Based Facility Quarantine နေရာမှာ ၁၄ ရက်နေထိုင်စေပြီး ရောဂါပိုး ရှိ မရှိ ၂ ကြိမ် စစ်ဆေးပြီး ရောဂါပိုးမရှိရလည်း Home Quarantine ၇ ရက်နေပြီးမှ သွားလာခွင့်ပြု ဖြစ်ပါတယ်။

အလားတူ ရောဂါဖြစ်ပွားနေတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြစ်ပေမယ့် ရောဂါကူးစက်မှုမရှိသေးတဲ့ မြို့နယ်က ပြန်လာသူတွေနဲ့ ရောဂါဖြစ်ပွားမှုမရှိသေးတဲ့ နေရာက ပြန်လာသူတွေအနေနဲ့လည်း ရောဂါပိုး ရှိ မရှိ စစ်ဆေးခံရမှာဖြစ်ပြီး ရော ဂါမရှိကြောင်း အဖြေရမှာသာ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

အခုလို နေပြည်တော်ကို အကြောင်းကြောင်းကြောင့် လာရောက်လိုသူတွေအနက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆာင်ရွက်ဖို့ လာရောက်ရန် အကြောင်းကြားစာရရှိတဲ့သူတွေက လွဲပြီး ကျန်မည်သူမဆို ဓာတ်ခွဲစစ်ဆေးတာမှာ ကုန်ကျတဲ့စရိတ်တွေကို ကာယကံရှင်က ကျခံရမှာဖြစ်ပါတယ်။

မည်သည့်မြို့ကို သွားရောက်ခဲ့ကြောင်း တင်ပြဖို့ ငြင်းဆန်သူတွေ၊ နေရပ်လိမ်လည် ဖော်ပြတာ၊ သွားရောက်ခဲ့တဲ့နေရာ မ မှန်မကန် ဖြေတာ၊ စစ်ဆေးတာကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာ စတဲ့သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ အရေးယူခံရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013