DVB Logo
Home
မြန်မာသတင်း
မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ရှိနိုင်ဟုဆို
DVB
·
June 19, 2013
မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ရှိနိုင်ဟုဆို
Donate to DVB

ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ညီလာခံမှာ မြန်မာ့စွမ်းအင်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရှိနိုင်တဲ့အကြောင်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ပါရမီစွမ်းအင်ကုမ္ပဏီ ရေနံရှာဖွေရေးဘူမိဗေဒအရာရှိ ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

ညီလာခံကို ဇွန် ၁၇ ရက်နှင့် ၁၈ ရက်နေ့တွေက ရန်ကုန်မြို့မှာပြုလုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဖိုရမ်မှာ ကုန်းတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ အလားအလာနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့အချက်အလက်တွေကိုတော့ ဖိုရမ်ကြီးကြပ်သူတွေရဲ့ ခွင့်ပြုချက်ရမှ ပြောလို့ရမယ်လို့ ဦးကျော်စိုးက ဆိုပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမျိုးကို မကြာ မကြာလုပ်ပေးခြင်းဖြင့် အချက်အလက်တွေနဲ့ပတ်သက်ပြီး အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့်သိနိုင်မှာဖြစ်လို့ လုပ်ရကိုင်ရတဲ့နေရာမှာ ပိုပြီးအဆင်ပြေစေတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကုန်းတွင်းလုပ်ကွက် ၁၈ ခုအတွက် လုပ်ငန်းဆောင်ရွက်ရန်  ပြည်တွင်းနှင့်ပြည်ပက စွမ်းအင်ရှာဖွေရေးကုမဏီတွေကို ဖိတ်ခေါ်ထားတယ်လို့ ဦးကျော်စိုးက ပြောပါတယ်။

“ဒီလုပ်ကွက် ၁၈ ခုအတွက် လျှောက်လွှာတင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီ အရေအတွက်က ၅၉ခု ရှိပါတယ်။ ဒါပေမယ့် သူတို့ ဒီအတိုင်းတော့ ယူလို့မရဘူးလေ။ ပြီးတော့ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့ လျှောက်လွှာတင်ရမှာ။ ကျနော် အကြမ်းဖျင်းသိရတာကတော့ ပြည်တွင်းကုမ္ပဏီက ၁၀၀ ကျော်လောက်ရှိပါတယ်။ ဒါပေမယ့် ပေးမှာက ၁၈ ခုပဲရှိတော့ တချို့ လျှောက်ချင်မှလည်း လျှောက်မှာဖြစ်ပါတယ်။”

ကုန်းတွင်းလုပ်ကွက်တွေအတွက် လျှောက်လွှာတင်သွင်းမှုကို စက်တင်ဘာလအထိ လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပေမယ့် စိစစ်ရွေးချယ်ရမယ့် process တွေကြောင့် လာမယ့် နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်မှ သိရမယ်လို့ ဆိုပါတယ်။

ဒီလုပ်ကွက်တွေနဲ့ပတ်သက်လို့ တင်ဒါရွေးချယ်မှုနဲ့စပ်လျဉ်းပြီး ဦးကျော်စိုးက “လုပ်ကွက် ၁၈ ခုအတွက် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ပါတယ်။မကြာခင် ပြည်ပက စွမ်းအင်ရှာဖွေရေးကုမဏီတွေနှင့်လက်တွဲပြီးတော့ လျှောက်လွှာတွေတင်ရတော့မှာဖြစ်ပါတယ်။ တင်တဲ့အခါ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တင်တဲ့လျှောက်လွှာတွေအပေါ် bonusေ*တွဘာတွေ ကြည့်ပြီးတော့ ဘယ်လုပ်ကွက်ကို ဘယ်သူ့ကိုချပေးမယ်ဆိုတာ ပြန်ရွေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013