DVB Logo
Home
မြန်မာသတင်း
မလေးရှားကပြန်ရန် ဆက်သွယ်သူ မြန်မာအလုပ်သမား ၁၅၀၀ ခန့် ရှိ
DVB
·
June 19, 2013
မလေးရှားကပြန်ရန် ဆက်သွယ်သူ မြန်မာအလုပ်သမား ၁၅၀၀ ခန့် ရှိ
Donate to DVB

မလေးရှားနိုင်ငံက ပြန်ချင်လို့ ဆက်သွယ်လာသူ မြန်မာအလုပ်သမား ၁၅၀၀ လောက်ရှိပြီး ရှေ့တပတ်ကစလို့ ၁ ရက်ကို လူ ၇၀ လောက် ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့ မလေးရှားမှာ မြန်မာအလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ ဧရာဝတီဖောင်ဒေးရှင်းက သိရပါတယ်။

မြန်မာနိုင်ငံပြန်ချင်တယ်လို့ ဆက်သွယ်လာသူပေါင်းက ၁၅၀၀ လောက် ရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of indenity) စီအိုင် ရရှိထားသူပေါင်းက ၄၀၀ လောက်ရှိပြီး၊ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အထူးထွက်ခွာခွင့်လက်မှတ် (special pass) ရရှိထားသူပေါင်းက ၁၀၀ လောက် ရှိနေပြီလို့ ဧရာဝတီဖောင်ဒေးရှင်း၊ လူထုဆက်ဆံရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောပါတယ်။

မြန်မာပြည်ပြန်ချင်လို့ လာရောက်ဆက်သွယ်တဲ့သူတွေအတွက် ဧရာဝတီဖောင်ဒေးရှင်းက ကူညီ လုပ်ဆောင်ပေးနေပုံကို  ဦးရဲမျိုးဟိန်းက အခုလို ပြောပါတယ်။

“လာရောက်ဆက်သွယ်သူတွေကို အရင်ဆုံး သံရုံးသွားပြီး စီအိုင်လျှောက်ပါ။ သံရုံးကနေ အခမဲ့လုပ်ပေးနေတယ်။ သံရုံးမှာ စီအိုင်ဖြည့်၊ အထောက်အထားတင်ပြ၊ ပြီးရင် သံရုံးကိုပြ နေ့ချင်းပြီး သံရုံးက ထုတ်ပေးတယ်။ ပြီးရင် သံရုံးမှာ နေရာတနေရာ သတ်မှတ်ပေးထားတယ်။ အဲမှာ ကိုယ့်စီအိုင်နဲ့ ဖုန်းနံပါတ်ရေးပြီး ထားခဲ့ပါ။ အဲလူကို ကျနော်တို့က ဘယ်နေ့ လ၀က သွားရမယ်ဆိုပြီး ပြန်ဆက်သွယ်တယ်၊ လ၀က သွားဖို့ ကားလည်း စီစဉ်ပေးတယ်၊ အယောက် ၄၀ ဆိုလည်း အယောက် ၄၀ ပေါ့။ လ၀က ကို စာရေးဖို့ သံအမတ်ကြီးနဲ့ ဆက်သွယ်တယ်၊ သံအမတ်က သဘောတူတယ်။ အဲဒါနဲ့ ဒီအယောက် ၄၀ ကို လ၀ကကို အထူးထွက်ခွာခွင့်လက်မှတ် ထုတ်ပေးဖို့ စာရေးတောင်းဆိုတယ်။ အဲဒါကို ယူသွားပြီး လ၀က သွားတော့ ၃ ရက် အတွင်း ထုတ်ပေးတယ်။”

မလေးရှားလ၀ကမှာ အထူးထွက်ခွာခွင့် လျှောက်ထားသူတွေကို ၁ ရက်  လူ ၄၀ လက်ခံ ဆောင်ရွက်ပေးနေတယ်လို့လဲ ပြောပါတယ်။
ပြန်ကြမယ့် မြန်မာအလုပ်သမားတွေကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းနဲ့ ၁ ပတ် ၃ ရက် ပြန်လည် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေကို  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ဖို့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ပြောပါတယ်။

[caption id="attachment_40808" align="alignright" width="300" caption="ကာပုန်းဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေများနှင့် ဦးရဲမျိုးဟိန်း "][/caption]

“မလေးရှားက အသိအမှတ်ပြုတဲ့ အဆင့် ၆ ဆင့် ပါတဲ့ စနစ်နဲ့ အထောက်အထားမဲ့တွေကို ပတ်စပို့ထုတ်ပေးတာ ရှိတယ်။ ယာယီနိုင်ငံကူးလက်မှတ် မဟုတ်ဘူး။ အနီစာအုပ် ထုတ်ပေးတာပါ။ မြန်မာနိုင်ငံသားဖြစ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ပါ။ အဲလိုလုပ်ငန်းမျိုး ဆက်ဆောင်ရွက်ပေးဖို့ မလေးအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှာပါ။”
မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သိန်းလောက် တရားဝင် နေထိုင် လုပ်ကိုင်နေပြီး၊ အထောက်အထားမဲ့ အလုပ်သမား ၃ သောင်းလောက်ရှိတယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာသံရုံး အဆိုအရ သိရပါတယ်။

မလေးရှားက အပြီးပြန်လာမယ့် အလုပ်သမားတွေအတွက် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်လုပ်ချင်ရင် မြန်မာအလုပ်သမားဝန်ကြီးဌာနက ကူညီလုပ်ဆောင်ပေးမယ်လို့လည်း ကြေညာထားပါတယ်။

ဆောက်လုပ်ရေး၊ စက်ရုံနဲ့ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ချင်သူတွေဟာ ရန်ကုန်လေဆိပ်နဲ့ ရန်ကုန် ၈ မိုင်က အလုပ်သမားညွှန်ကြားမှု ဌာနရုံးတို့မှာ လျှောက်လွှာရယူပြီး လျှောက်ထားနိုင်တယ်။ ကျွမ်းကျင်ရာအလုပ်ပေါ် မူတည်ပြီး အလုပ်ပေးနိုင်အောင် စီစဉ်ပေးမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောပါတယ်။

မလေးရှားနိုင်ငံက ပြန်လာချင်တဲ့ မြန်မာအလုပ်သမားပေါင်း ၁ သောင်း လောက်ရှိတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလောတော့ မြန်မာအလုပ်သမား ၁၀၀ ကျော်လောက် မြန်မာပြည် ပြန်လာကြပြီး ဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013