DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ သုံးစွဲခြင်းမရှိသေး
DVB
·
September 2, 2020
ကယားပြည်နယ် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ သုံးစွဲခြင်းမရှိသေး
Donate to DVB

ကယားပြည်နယ်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ရရှိထားပြီး လုံးဝသုံးစွဲခြင်းမရှိသေးဘူးလို့ ပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။ 

ဒီကနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဖရူဆိုမြို့နယ် လွှတ်တော်အမတ် ဦးသဲရယ်က ကယားပြည်နယ်အတွက် အရေးပေါ်ရန်ပုံငွေ နှစ်စဉ် ရရှိမှုနဲ့ အသုံးပြုထားရှိမှု အခြေအနေကို မြေးမြန်းခဲ့တာပါ။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး  ကယားပြည်နယ်စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ကယားပြည်နယ်အနေနဲ့ ၂၀၁၉-၂၀ မှသာ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ရရှိပြီး သုံးစွဲခြင်းမရှိသေးကြောင်း ဖြေကြားခဲ့ပါတယ်။

“ကယားပြည်နယ်အတွက်ကတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်က စတင်ပြီးတော့မှ ပြည်ထောင်စုရဲ့ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ရထားပါတယ်။ ပြည်ထောင်စုက ထောက်ပံ့ တဲ့ ကျပ်သန်း ၁၀၀၀ အား အခုထက်ထိ သုံးစွဲရခြင်းမရှိသေးပါဘူး။”

ဒါ့အပြင် ဦးမော်မော်က အရေးပေါ်ရန်ပုံငွေတွေကို ပြည်ထောင်စုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေသလို အရေးပေါ်တဲ့အချိန်မှသာ သုံးစွဲရတာဖြစ်တာကြောင့် ရသုံးမှန်းခြေစာရင်းမှာ လျာထားတာမရှိကြောင်း ပြောပါတယ်။ 

“ပုဒ်မခွဲ (က)မှာ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရသာ ခွင့်ပြုမည်။ နောက်တခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ (က) နဲ့ (ခ)အရ အရေးပေါ်ရန်ပုံငွေအရ ကျခံသုံးစွဲတဲ့ ကိစ္စရပ်တွေကို ကိစ္စတရပ်ချင်း အကြောင်းအကျိုး ဖော်ပြခြင်းအတွက် အနီးကပ်ဆုံးကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို တင်ပြရတယ်။ အဲတော့ ဇယား ၂ နဲ့ ၄ အရ အရေးပေါ်ရန်ပုံငွေအရ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ် အတွင်းမှာ ကြိုတင်မမျှော်မှန်းနိုင်တဲ့ကိစ္စရပ်များနဲ့ သဘောဝဘေးအန္တရာယ် ကြောင့်ဖြစ်ပေါ်လာ ရတဲ့ ကိစ္စရပ်အတွက်သာ ဆောင်ရွက်ခွင့်ရှိပါတယ်။ နောက်တခုကလည်း အရေးပေါ် ရန်ပုံငွေ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုဝန်ကြီးဌာန စီမံခန့်ခွဲရေကော်မီတီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရရဲ့ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရပါမယ်။ ဒါပေမဲ့လည်း အဲဒီ ဃ နဲ့ င အရ အရေးပေါ်ရန်ပုံငွေ သုံးစွဲတဲ့ကိစ္စရပ်တွေ ကိစ္စတရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အညီ အနီးကပ်ကျင်းပတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့သို့ အဲဒီအစည်းအဝေးကို တင်ပြရမယ်ဆိုပြီးတော့ ကျနော်တို့ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒါကြောင့် အခုထက်ထိ ကျနော်တို့ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ကို ၂၀၁၉-၂၀ မှာ လျာထားပေမဲ့  စွဲခြင်းမရှိကြောင်း တင်ပြအပ်ပါတယ်။ ”လို့ ကယားပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

မေးခွန်းရှင် ဖရူဆိုမြို့နယ်လွှတ်တော်ကိုယ်စား ဦးသဲရယ်ကတော့ အရေးပေါ်ရန်ပုံငွေကို အခုလက်ရှိ ကိုဗစ်ကာလမှ သုံးစွဲသင့်ကြောင်းနဲ့ အထူးသဖြင့် ကျောင်းတွေ ပြန်ဖွင့်နိုင်ရေးမှာ အဆိုပါငွေကြေး တွေကို သုံးစွဲသင့်ကြောင်း ပြောပါတယ်။ 

“အရေးပေါ်ရန်ပုံငွေပြောရင်တော့ဖြစ်လာတဲ့ အရေးပေါ်ကိစ္စရပ်တွေမှန်သမျှတော့ သုံးဖို့ လိုတယ်။ အထူးသဖြင့် အခု ကိုဗစ်ကိစ္စနဲ့ ပတ်သက်လာလို့ရှိရင်တော့ ပိုပြီးတော့မှ သုံးဖို့ လိုတယ် ပေါ့နော်။ ကျနော်တ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ဘာဖြစ်လို့မေးလဲဆိုလို့ရှိရင် ကိုဗစ်ကာလ ဖြစ်နေတဲ့ အတောအတွင်းမှာ ကျောင်းကိုလည်း ပိတ်တယ်ဆိုတဲ့ဟာမျိုးလည်း လုပ်လာတာကိုး၊ ဆိုတော့ အခုကျောင်းပိတ်လိုက်ပြီပေါ့။ ဒါပေမဲ့ အရင်ကျောင်းဖွင့်တဲ့အချိန်မှာ သတ်မှတ် စံချိန်စံနှုန်းနဲ့ မပြည့်မှီတဲ့ကျောင်းတွေ ဖွင့်ခွင့်မရှိဘူးလို့ အဲလိုလုပ်ထားတာပေါ့။ ဆိုတော့ ဒီလို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင် စာသင်ကျောင်းတွေကလုပ်ဖို့ ဆိုတဲ့ နေရာမှာ မိဘမှာတာဝန်ရှိသလား၊ အစိုးရမှာတာဝန်ရှိသလားလည်း မေးခွန်းမေးစရာဖြစ်ပါတယ်။ ဒီလိုအရေးပေါ်ကာလဖြစ်နေတဲ့အခါမှာ အရေးပေါ်ရန်ပုံငွေမသုံးဘဲနဲ့ ကျောင်းက သတ်မှတ်ထားတဲ့ စည်းမျဉ်စည်းကမ်းအရ ခင်ဗျားတို့ ကျောင်းက ပြည့်မှီအောင်ဆောင်ရွက်မှပဲ ကျောင်းဖွင့်ခွင့်ပြု မယ်ဆိုတဲ့သဘောမျိုးကိုလုပ်နေတဲ့အခါကျတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျောင်းကို ဖွင့်နိုင်တဲ့ အနေအထား တခုရောက်ဖို့ဆိုတာ အဓိက တာဝန်ရှိတာက အစိုးရဖြစ်ပါတယ်။ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စု အစိုးရရောတာဝန်ဖြစ်ပါတယ်။”

ကယားပြည်နယ်အနေနဲ့ အရေးပေါ်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာသာ ရရှိပြီး ဒီမတိုင်ခင်က နှစ်တွေ ရရှိထားတာမရှိပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013