DVB Logo
Home
မြန်မာသတင်း
ရခိုင်မှလေကြောင်းဖြင့် ရန်ကုန်ကို ပြန်လာသူ  ၅၄၀၉ ဦးအနက်ထက်ဝက်ကျော် အဆက်အသွယ်မရ  
DVB
·
September 2, 2020
ရခိုင်မှလေကြောင်းဖြင့် ရန်ကုန်ကို ပြန်လာသူ  ၅၄၀၉ ဦးအနက်ထက်ဝက်ကျော် အဆက်အသွယ်မရ  
Donate to DVB

ရခိုင်ပြည်နယ်ကနေ လေကြောင်းခရီးနဲ့ ရန်ကုန်ကို ပြန်ရောက်လာသူ  ၅၄၀၉ ဦးကို သက်ဆိုင်ရာက ဆက်သွယ်ခဲ့ရာမှာ ထက်ဝက်ကျော်ဟာ  အဆက်အသွယ်မရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ  ရခိုင်ပြည်နယ်မှ လေကြောင်းနဲ့ ရန်ကုန်ကို ပြန်ရောက်လာသူ  ၅၄၀၉ ဦးထဲက ၃၁၅၂ ဦးကို ဆေးသုတေသနဦးစီးဌာနက ဆက်သွယ်ခဲ့ပြီး ကျန်  ၂၂၅၇ ဦးကိုတော့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနက ဆက်သွယ်‌ခဲ့တာပါ။

ဆေးသုတေသနဦးစီးဌာနဝန်ထမ်း ၇၀ ကျော်က ဖုန်းခေါ်ဆိုမှုပေါင်း ၆၀၈၈ ကြိမ် ဆောင်ရွက်ခဲ့ရာမှာ ခရီးသွားလာခဲ့သူ ၁၄၆၆ ဦး (၄၈.၁၈%) က ဖုန်းလက်ခံ ဖြေကြားခဲ့ကာ ဆက်လက်သတင်းပို့သူ ၇၈၂ ဦးနဲ့ အသွားအလာကန့်သတ်ခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်သူ ၆၆၁ ဦး ရှိတယ်လို့ဆိုပါတယ်။

ဖုန်းကိုင်ပေမဲ့ အချက်အလက် ပြန်လည်မပြောခဲ့သူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန်ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ် မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)  ၁၅၇၇ ဦး (၅၁.၈၂%) ရှိတယ်လို့ရပါတယ်။

အလားတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနဝန်ထမ်း  ၂၃  ဦးကလည်း  ရခိုင်ကပြန်လာသူတွေအထဲက ၁၇၁၆  ဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာ ၇၄၆ ဦး (၄၃.၄၇%) မှာ ဖုန်းလက်ခံဖြေကြားခဲ့ကာ ဆက်လက်သတင်း ပို့သူ ၅၂၀ ဦး (၆၉.၇၁%) နဲ့  အသွားအလာကန့်သတ်ခြင်းလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သူ ၄၈၁ ဦး (၆၄.၄၈%) ရှိပါတယ်။ 

ဖုန်းဆက်သွယ်ခဲ့သူတွေထဲက  ဖုန်းအဆက် အသွယ် မရရှိသူ (ဖုန်းချသွားခြင်း၊ ဖြေကြားရန် ငြင်းဆန်ခြင်း၊ ဖုန်းနံပါတ်မှားယွင်းနေသည်ဟုပြော၍ ထပ်မံဆက်သွယ်မရတော့ခြင်း)မှာ ၉၇၀ ဦး (၅၆.၅၃%) ရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ်။

အဆိုပါတွေ့ရှိချက်တွေအရ  ရခိုင်ပြည်နယ်ကို ခရီးသွားလာခဲ့သူတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၂၅၄၇ ဦး (၅၃.၃%) ဟာ ဖုန်းပြန်လည်ဖြေကြားမှုမရှိခြင်းမရှိတာ၊ သက်ဆိုင်ရာကို ဆက်လက်သတင်းပို့တာနဲ့ အသွားအလာကန့်သတ်လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုများ အလွန်အားနည်းနေတာ တွေ့ရတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ ကိုဗစ်-၁၉  ရောဂါဖြစ်ပွားနေသူတွေအထဲက  ၇၁ ရာခိုင်နှုန်းဟာ အမြင်အားဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြဘဲ နေကောင်းကျန်းမာပေမဲ့  ရောဂါပိုးကို သယ်ဆောင်ကာ အလွန်လျင်မြန်တဲ့နှုန်းနဲ့  ရောဂါဆက်လက်ဖြန့်ဖြူးနေနိုင်သူဖြစ်ဖို့ အခွင့်အလမ်း အလွန်များပြားတယ်လို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအတွင်း ရောဂါဆက်လက်အဆင့်ဆင့်ပြန့်ပွားမှု မရှိစေဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိခြင်း/ချိုးဖောက်ခြင်း၊ သတင်းထိန်ချန်မှုပြုလုပ်ခြင်းတွေ တွေ့ရှိရပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူမယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013