DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကလာသည့် ကုန်ကားများ မရပ်တန့်စေရန် ရဲတပ်ဖွဲ့က လိုက်လံပို့ဆောင်ပေးနေ
DVB
·
September 2, 2020
ရခိုင်ပြည်နယ်ကလာသည့် ကုန်ကားများ မရပ်တန့်စေရန် ရဲတပ်ဖွဲ့က လိုက်လံပို့ဆောင်ပေးနေ
1 / 6
Donate to DVB

မကွေးတိုင်းအတွင်းမှာ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ကုန်တင်ကားတွေ ရပ်တန့်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့က သက်ဆိုင်ရာမြို့နယ်အလိုက် လိုက်လံ ပို့ဆောင်ပေးနေတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း များပြားနေပေမဲ့ ကုန်စည်စီးဆင်းမှုမရပ်တန့်အောင် ငဖဲမြို့နယ်ရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ပေးပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ရဲတပ်ဖွဲ့ယာဉ်တန်းနဲ့  လိုက်လံပို့ဆောင်ပေး နေတာပါ။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က "ကုန်ကားတွေကို လမ်းကြောင်း သုံးခုခွဲပြီး မြို့နယ်အလိုက် တိုင်းဒေသကြီးအထွက်ထိ ပို့ဆောင်ပေးတာဖြစ်ပြီးတော့ အဲဒီလို ပို့ဆောင်ရတာဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တဲ့ အနေနဲ့ ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို ပြည်သူလူထုနဲ့ ထိတွေမှုမရှိအောင် လုပ်ဆောင်ပေးတာဖြစ်တယ်။" လို့ ပြောပါတယ်။

မင်းဘူးဘက်ကို ဝင်ရောက်မယ့် ကုန်ကားတွေအတွက်ကိုတော့ ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အလဲအလှယ်လုပ်ပေးကာ ကုန်တင်ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းပြီးမှ ဝင်ခွင့်ပြုထားတယ်။

ရန်ကုန်-အမ်း ကုန်တင်ကားမောင်းသမား ကိုကျော်ခိုင်က "ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ လမ်းတလျှောက်မှာတော့ စုပေါင်းစစ်ဆေးရေးဂိတ်တွေ အများအပြားဖွင့်လှစ်ထားပြီးတော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ ခရီးသွားလာရေး အနည်းငယ်ခက်ခဲလာတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက်မှ ၃၁ ရက်အထိ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ ကုန်တင်ကား ၂၄၅ စီးရှိနေပြီး ရန်ကုန်ကို ၇၁ စီး၊ မန္တလေးဘက်ကို ၅၈ စီး၊ မင်းဘူးနဲ့ မကွေးအပါအဝင် ရှမ်းပြည်နယ်ဘက်ကိုသွားတဲ့ ကားက ၁၁၆ စီးရှိတယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က ပြောပါတယ်။

“ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က စစ်ဆေးရေးဂိတ်တွေမှာတော့ ထောက်ခံစာတွေ၊ ကုန်စည်တွေလောက်သာစစ်ဆေးပြီးတော့ မကွေးတိုင်းဘက် ပျဉ်းဝ စစ်ဆေးရေးဂိတ်မှာတော့ အချိန်ကြန့်ကြာမှုရှိနေတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ကပြန်လာတဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ရခိုင်ကပြန်လာသူတွေအပါအဝင် ပြည်ပကပြန်လာသူ ၁၃၀၀ လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013