Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာသစ် ၃ ဦးတွေ့ရှိ 
ဆုဆုသွယ်
·
September 2, 2020
118775794_3273412972739788_6391390551580949971_o
118691968_3273412799406472_6913606916356647289_o
118519919_3273412296073189_8288159923314319898_o
118516442_3273412622739823_8002227285230304674_o
118398660_3273412499406502_4906299930486371314_o
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာအသစ် ၃ ဦးထဲမှာ ပါရမီလမ်း (၁၆) ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးပါဝင်ပြီး စစ်တွေမြို့ ကနေ ရန်ကုန်ကို ဩဂုတ် ၁၇ ရက်က  ရောက်ရှိလာသူဖြစ်ပါတယ်။  ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်နဲ့ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုလိုက်ပါခဲ့သူတွေရဲ့ စာရင်းမှာ သူ့ရဲ့နာမည်ပါဝင်တဲ့အတွက် ကျန်းမာရေးဌာနကို ဆက်သွယ်ခဲ့တာကြောင့် ဩဂုတ် ၃၁ ရက်မှာ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ ယူပြီး ပိုး ရှိမရှိ စစ်ဆေးရာမှာ စက်တင်ဘာ ၁ ရက်ညမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်လို့ လှိုင်မြို့နယ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာ လူနာက သူရဲ့ နေအိမ်မှာပဲ ရှိနေပြီး ကျန်းမာရေးဌာနက လာရောက်ခေါ်ယူမှာကို စောင့်ဆိုင်းနေပါတယ်။ ပိုးတွေ့လူနာ နေထိုင်နေတဲ့ အိမ်ကိုတော့ လက်ရှိမှာ lockdown လုပ်ထားပါတယ်။ လူနာနဲ့အတူနေအိမ်မှာ ဘယ်နှစ်ဦးနေထိုင်နေလဲ ဘယ်သူတွေနဲ့ ထိတွေ့မှုရှိလဲဆိုတာ ကိုတော့ လတ်တလော မသိရှိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024