DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၀၀ ဦးအနက် ဘယ်ကကူးစက်ခံရမှန်းမသိသူ ၄ ပုံ ၁ ပုံခန့်ရှိနေ 
DVB
·
September 1, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၀၀ ဦးအနက် ဘယ်ကကူးစက်ခံရမှန်းမသိသူ ၄ ပုံ ၁ ပုံခန့်ရှိနေ 
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်ညပိုင်းနဲ့  စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀၀ ဦးထုတ်ပြန်ထားတဲ့ အထဲမှာ အတည်ပြု  လူနာနဲ့ထိတွေ့မှုမရှိတဲ့ ခရီးသွားရာဇဝင်မရှိသူ  ၂၄ ဦးပါဝင်ပါတယ်။

အဲဒီလူနာ ၂၄ ယောက်ကတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့က လူနာတွေဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ ရန်ကုန်တိုင်းထဲက silent carrier  ၁၈ ဦး၊  ရခိုင်ပြည်နယ် ၃ ဦး ၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့က  ၁ ဦးစီပါဝင်နေတာပါ။

ကွင်းဆက်ပြတ်လူနာတွေ အများဆုံးတွေ့ထားရတဲ့ ရန်ကုန်တိုင်းထဲက လူနာ ၁၈ ဦးထဲမှာ သင်္ဃန်းကျွန်းမြို့နယ်က ၃ ဦးအထိရှိပြီး အတည်ပြုလူနာနံပတ် ၅၉၅ နဲ့  ထိတွေ့ပြီး ကူးစက်ခံရသူက ၂၅ ဦးရှိပါတယ်။ 

သင်္ဃန်းကျွန်းက ကွင်းဆက်ပြတ်လူနာ ၃ ဦးကတော့ ဖျားတာနဲ့ အနံ့ပျောက်တာတွေ ခံစားလာရလို့ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာကနေ အတည်ပြုလူနာဖြစ်လာတာပါ။ 

အဲ့ဒီအထဲက လူနာနံပတ် ၇၉၀ နဲ့  ၇၉၂က  (ဆ/က) ရပ်ကွက်က တစ်အိမ်တည်း အတူနေ မိသားစုတွေဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတွေဖြစ်ပါတယ်။

လူနာ နံပတ် ၇၉၁ ကတော့ အိမ်မှာ တစ်ယောက်တည်း နေထိုင်သူဖြစ်ပေမယ့် သွားခဲ့တဲ့နေရာတွေကိုတော့ ဆက်လက်စုံစမ်းနေပြီး အခုတော့ သူတို့နေထိုင်တဲ့နေရာတွေကို lock down လုပ်လိုက်ပြီး သူတို့နဲ့ထိတွေ့ခဲ့သူတွေ သွားခဲ့တဲ့နေရာတွေကို ဆက်လက်စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ အတည်ပြုလူနာ အယောက် ၁၀၀ မှာတော့ ရန်ကုန်တိုင်းထဲက အတည်ပြုလူနာ ၄၇ ဦး ၊ ရခိုင်ပြည်နယ်က အတည်ပြုလူနာ ၄၉  ဦးအထိ အများဆုံးပါဝင်နေတာပါ။ 

ရန်ကုန်တိုင်းရဲ့အတည်ပြုလူနာ ၄၇ ဦးက မြို့နယ် ၁၀ ခုကဖြစ်ပြီး မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ လှိုင်သာယာ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဒဂုံ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံနဲ့ ပုဇွန်တောင် မြို့နယ်တွေက ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၄၉ ဦးကတော့  စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်က အတည်ပြုလူနာတွေ ပါဝင်နေပါတယ်။ အဲ့ဒီအထဲက ခရီးသွားရာဇဝင်နဲ့ ပိုးတွေ့လူနာ ထိတွေ့ထားသူမရှိတဲ့သူကတော့ ၃ ဦးရှိပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ ဒီကနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၈၈၇ ဦးအထိရှိလာနေပါပြီ။ အရင်က ဓာတ်ခွဲနမူနာ စစ်ဆေးမှုတစ်သုတ်ကို အတည်ပြုလူနာအများဆုံး ၇၇ ဦးသာ တွေ့ခဲ့ရပေမဲ့  သြဂုတ်လ ၃၁ ရက် ပထမအသုတ် စစ်ဆေးမှုမှာတော့ အတည်ပြုလူနာ ၉၅ ယောက်အထိ စံချိန်ချိုးတွေ့ခဲ့ရပါတယ်။

ပြည်တွင်းကူးစက်ခံလူနာတွေကိုတော့ ရခိုင်ပြည်နယ်မှာအများဆုံးတွေ့ထားရပြီး ရန်ကုန်မြို့မှာလည်း အများစု ပြန်တွေ့နေရပါပြီ။ 

ဒါကြောင့် ကိုဗစ်-၁၉  ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပိုးတွေ့လူနာတွေ အများဆုံးရှိထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ သြဂုတ် ၃၁ ရက်က စတင်ပြီး အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သွေးနမူနာ ရယူစစ်ဆေးတာတွေကို စတင်လုပ်ဆောင်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013