DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို  ပ-၃၀၇၆၆၆ နံပတ်က ဆွတ်ခူး
DVB
·
September 1, 2020
အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို  ပ-၃၀၇၆၆၆ နံပတ်က ဆွတ်ခူး
Donate to DVB

(၁၉) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို  ပ-၃၀၇၆၆၆ နံပတ်က ဆွတ်ခူးရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်းက အောင်ဘာလေထီဆုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ခဲ့ကာ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ပ-၃၀၇၆၆၆ နံပတ်က  ဆွတ်ခူးရရှိခဲ့တာပါ။

ဒါအပြင်ကျပ်သိန်းတစ်သောင်းဆုကို သ-၈၂၈၇၀၉ ကျပ်သိန်းငါးထောင်ဆုကို ဋ-၆၅၇၅၅၁ နဲ့ စ-၉၁၁၉၇၃ တို့က ဆွတ်ခူးရရှိခဲ့ပြီး အဲဒီနောက် အခြားဆုမဲ အသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။

(၁၉) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ  (က) အက္ခရာမှ  (ကဃ)အက္ခရာအထိ အက္ခရာအလုံးရေ  ၃၇ လုံးဖြစ်ကာ ထီစာအုပ်စုစုပေါင်းအုပ်ရေသိန်း ၃၀ ကျော် ဖြစ်ပါတယ်။

ထီလက်မှတ်စာအုပ်တွေရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၃၃၂ သန်း ကျော်ရရှိခဲ့ပြီး ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ်သန်းပေါင်း ၁၈၁၆၃ ဒသမ ၅၉၆ ကို ထီဆုငွေအဖြစ်ခွဲ ဝေချီးမြှင့်ပေးခဲ့ပါတယ်။

သတင်း-  နေလင်းအောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013