DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ကျဆင်းလာနေ
DVB
·
August 31, 2020
မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ကျဆင်းလာနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ  ၅၄ ဒသမ ၇၆၈ သန်းလောက်ရှိပြီး အမျိုးသားဦးရေ ကျဆင်းနေတယ်လို့ ဒီကနေ့ ဩဂုတ် ၃၁ ရက်မှာထုတ်ပြန်တဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်းစာရင်းအရ အမျိုးသမီး ၁၀၀ ဦးမှာ  အမျိုးသား ၉၈ ဦးနှုန်းရှိပြီး  ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လူ ဦးရေသန်းခေါင်းစာရင်း အရတော့ အမျိုးသမီး ၁၀၀ ဦးမှာ  အမျိုးသား ၉၃ ဦးနှုန်းနဲ့  ကျဆင်းသွားခဲ့ပါတယ်။

အခု ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းမှာတော့  အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိဆက်လက် ကျဆင်းခဲ့နေတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။ 

"ဒီလိုအမျိုးသားဦးရေ လျော့နည်းလာတာက ရွှေ့ပြောင်းလုပ်ကိုင်မှုမျာတာကြောင့် ဖြစ်နိုင်သလို သေဆုံးမှုများလို့ဆိုတဲ့အကြောင်း နှစ်မျိုးကြောင့်ပဲ ဖြစ်နိုင်ပါတယ။ ဒီအပြင်ကလေးမွေးဖွားနှုန်း ကျဆင်းနေလို့ နောင်တချိန်မှာ လုပ်သားအင်အား ရှားပါးတဲ့ ပြဿနာကို ကြုံရနိုင်ပြီး  စိုးရိမ်စရာဖြစ်တယ်"လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါတုံ့ပြန် ကုစားရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ဖို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လိုအပ်နေတဲ့ စာရင်းအင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ အခုလို အစီရင်ခံစာ ထုတ်ပြန်ပေးတာလို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဒုတိယ ဝန်ကြီးက ပြောပါတယ်။

ဒီကြားဖြတ်လူဦးရေသန်းခေါင်းစာရင်းကို ၂၀၁၉ နိုဝင်ဘာလကနေ ၂၀၂၀  ဖေဖော်ဝါရီ အထိ နိုင်ငံတဝန်း စာရင်းကောက်ကွက်ပေါင်း ၃၉၆၀ နဲ့ လူဦးရေ ၅ သိန်းကျော်ကို  မေးမြန်းကောက်ယူခဲ့တာပါ။

လူဦးရေ ဆိုင်ရာအချက်အလက်တွေ ၊ လူမှုစီးပွားဆိုင်ရာအချက်အလက်တွေ ပညာရေးနဲ့ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းစတဲ့ လူဦးရေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေတဲ့အကြောင်းအချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင်  အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရည်သန့်ရှင်း အညွှန်းကိန်းဆိုင်ရာနဲ့ ဘဏ်စနစ်အသုံးပြုလာခြင်းဆိုင်ရာကိစ္စတွေ စတဲ့   အချက်အလက်ပေါင်းများစွာလည်း အစီရင်ခံစာမှာပါရှိပြီး အရင် ၂၀၁၄ သန်းခေါင်စာရင်းထက် တွေ့ရှိချက်တွေ ပိုမိုပါဝင်လာပါတယ်။

၁၀ နှစ်တစ်ကြိမ် ကောက်ခံဖို့သတ်မှတ်ထားတဲ့ ပင်မသန်းခေါင်းစာရင်းရဲ့ ကြားကာလ ဖြစ်တဲ့ ၅ နှစ်အတွင်း  ပြောင်းလဲမှုတွေကို သိရှိနိုင်ဖို့ ကြိုတင် ကောက်ခံထားတာဖြစ်ပြီး အခုရှေ့ပြေးအစီရင်ခံစာထုတ်ပြန်ပြီးနောက် ပိုမိုအသေးစိတ်တွက်ချက်ထားတဲ့ ပင်မအစီရင်ခံစာကို အခုနှစ်မကုန်ခင် ဆက်လက်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

သတင်း-ဇာခြည်

Photo- Department of Population

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013