DVB Logo
Home
Lead Story
ဈေးတန်းထဲ ကိုဗစ်-၁၉ ပညာပေးသီချင်းနှင့် သရုပ်ပြခဲ့ကြသူ ကြက်ခြေနီမောင်မယ်များ အွန်လိုင်း ပေါ် နာမည်ကြီးနေ(ရုပ်သံ)
DVB
·
August 31, 2020
ဈေးတန်းထဲ ကိုဗစ်-၁၉ ပညာပေးသီချင်းနှင့် သရုပ်ပြခဲ့ကြသူ ကြက်ခြေနီမောင်မယ်များ အွန်လိုင်း ပေါ် နာမည်ကြီးနေ(ရုပ်သံ)
Donate to DVB

       လတ်တလောကာလ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနေပြီး ပြည်သူအားလုံးက ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေ ကို သတိပြုလိုက်နာကြရမယ့် အချိန် ဖြစ်လာနေပါတယ်။

       လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေးရှောင်ရှားပါ၊ မိမိနေအိမ်တွင်သာ နေထိုင်ပါ၊ နှာခေါင်းစည်း Mask တပ်ဆင်ပါ၊ ၆ ပေအကွာ နေထိုင်ပါ စသဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက သတိပြုလိုက်နာစရာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေကို ညွှန်ကြားထားခဲ့ပေ မယ့် နိစ္စဓူဝ သွားလာလှုပ်ရှားနေကြရတဲ့ အခြေခံလူတန်းစားတွေအဖို့တော့ ဒါကို သတိမူ လိုက်နာနိုင်ဖို့ ခက်ခဲနေကြဦးမှာပါ။

       ဒီအခြေအနေမှာ တာဝန်သိ ကြက်ခြေနီလူငယ်မောင်မယ်တစုက ဈေးတန်းတခုထဲ မှာ ကိုဗစ်-၁၉ ပညာပေးသီချင်းတပုဒ်ဖြစ်တဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ သီဆိုထားကြတဲ့ “ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ” သီချင်းနဲ့အတူ ပြည်သူတွေကို ထိရောက်တဲ့ တစိတ်တပိုင်း ပညာပေးလှုပ်ရှားမှုတခုကို လုပ်ဆောင်ခဲ့ကြပါတယ်။

       ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့က Su Wai အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတယောက်က တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး မျှဝေထားခဲ့ တာ ဖြစ်ပါတယ်။

       ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဝတ်စုံပြည့်နဲ့ ကြက်ခြေနီလူငယ်မောင်မယ်လေးတွေ က နှာခေါင်းစည်း Mask တွေ၊ မျက်နှာကာ Face Shield တွေ တပ်ဆင်ထားခဲ့ကြပြီး ဈေးတန်းအနှံ့ ဈေးသည် ဈေးဝယ်တွေကြားမှာ သီချင်းစည်းချက်နဲ့အညီ သရုပ်ပြကခုန် လှုပ်ရှားရင်း ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ ဒဿမ ၈ သန်းကျော် ရှိနေခဲ့ပြီဖြစ်ပြီး ပြန်လည်မျှဝေ ကြသူ ၈ သောင်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

       ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဒါဟာ ကမ္ဘာ့ကပ်ရောဂါတခုဖြစ်လာခဲ့ပြီးနောက် လက် ရှိမှာတော့ ကမ္ဘာတလွှားရောဂါကူးစက်ခံရသူ ၂၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၈ သိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူ ၇၈၇ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013