DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် လူနာအမှတ် ၆၅၉ တည်းခိုခဲ့သည့်နေအိမ်က မိသားစုဝင်များ ရောဂါပိုးမတွေ့
DVB
·
August 31, 2020
နေပြည်တော်တွင် လူနာအမှတ် ၆၅၉ တည်းခိုခဲ့သည့်နေအိမ်က မိသားစုဝင်များ ရောဂါပိုးမတွေ့
Donate to DVB

နေပြည်တော်ကို လာရောက်ခဲ့တဲ့ ကုဗစ်-၁၉ လူနာအမှတ် ၆၅၉ တည်းခိုနေထိုင်ခဲ့တဲ့ အိမ်က မိသားစုဝင်တွေကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ  ရောဂါပိုးမတွေ့ရှိရဘူးလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့မှာနေထိုင်တဲ့ ကိုဗစ်-၁၉  လူနာအမှတ် ၆၅၉ ဟာ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှာ ရာထူးဝင်ခွင့်စာမေးပွဲဖြေဆိုဖို့အတွက် နေပြည်တော်ကို ဩဂုတ် ၁၉ ရက်နေ့က ရောက်ရှိခဲ့တာပါ။ 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ မီးသတ်တပ်ကြပ်တစ်ဦးရဲ့နေအိမ်မှာ တည်းခိုနေထိုင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်မှာ ရာထူးဝင်ခွင့် စာမေးပွဲဖြေဆိုပြီးနောက် အမ်းမြို့ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လူနာတည်းခိုနေထိုင်ခဲ့တဲ့ အိမ်က မိသားစုဝင် ၃ ဦးကို Quarantine ထားရှိပြီးနောက် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက “သူတည်းခိုသွားတဲ့ အိမ်က မိသားစု ၃ ယောက်ကို ဆေးရုံကို Hospital Quarantine ထားတယ်။ မနေ့က အားချင်း Swab ယူပြီးစစ်လိုက်တဲ့အခါကျတော့ Negative ပါခင်ဗျ။ နောက်ပြီးတော့ သူနဲ့အတူ ယာဉ်မောင်းပေါ့။ သူနဲ့အတူ ကားအတူစီးခဲ့တဲ့ နှစ် ယောက်မှာတော့ တစ်ယောက်ကိုတော့ Facility Quarantine မှာ ထားထားပါတယ်။ အဲ့ဒါလည်း Swab ယူထားပါတယ်။ အဖြေတော့ မရသေးပါဘူး။ ကျန်တဲ့ ရုံးကတော့ သူနဲ့ထိတွေ့မှု သိပ်မရှိဘူး။ အချိန်ခဏလေးပဲဆိုတဲ့အတွက် Home Stay လုပ်ပြီးထားပါတယ်ဗျ။” လို့ ပြောပါတယ်။

လူနာအမှတ် ၆၅၉ အနေနဲ့ ဩဂုတ် ၈ ရက်က စစ်တွေမြို့ကို စာမေးပွဲဖြေဆိုဖို့ သွားရောက်ခဲ့ပြီး အပြန်မှာ လူနာအမှတ် ၆၅၆ နဲ့ လေယာဉ် အတူစီးမိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နေပြည်တော် အဝင်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြန်လည် ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။

“ဝင်လာရင် ကိုယ်ပူချိန်တိုင်းပါတယ်။ ဘယ်ကလာတယ်ဆိုတဲ့ အထောက်အထားကို တောင်းပါတယ်။ အဲ့ဒီမှာ Stay Home မြို့နယ်တွေ့ပေါ့နော်၊ အခုဆိုရင် ရခိုင်ပြည်နယ်ပေါ့၊ အဲ့ဒီ မြို့နယ်တွေက လာတယ်ဆိုတဲ့၊ နှစ်ပတ်အတွင်း အဲ့ဒီကလာတယ်ဆိုတဲ့ အထောက်အထား ရလို့ရှိရင်တော့ Quarantine ဝင်ရပါတယ်ဗျ”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဩဂုတ် ၃၁ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၇၈၇ ဦးအထိရှိလာနေပြီ ဖြစ်ပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013