DVB Logo
Home
နိုင်ငံတကာ
ပြန်ပေးဆွဲခံရသူ ထွက်ပြေးလွတ်မြောက်လာပုံ ရုပ်သံ ယူကေရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
September 5, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ယူကေနိုင်ငံ လင်ကွန်းမြို့က အိမ်တအိမ်ကနေ ပြန်ပေးဆွဲခံရသူ လွတ်မြောက်လာပြီး ရဲတွေဆီ အကူအညီတောင်းခဲ့တဲ့ စီစီတီဗီနဲ့ ရဲတပ်ဖွဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို လင်ကွန်းရှိုင်းယား ရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဒီရုပ်သံမှတ်တမ်းဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်မှာ လင်ကွန်းခရောင်း တရားရုံးက ပါဝင် ပတ်သက်သူ ၅ ယောက်ကို ပြန်ပေးဆွဲမှု၊ မတရား ချုပ်နှောင်မှုတွေနဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေက နစ်နာသူဟာ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က မတ်ကတ်ရာဆန်ရှိ နေရာတခုကို သွေးဆောင်ခေါ်ယူခံခဲ့ကာ ချုပ်နှောင်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး နောက်တရက်မှာတော့ သူ့ကို လင်ကွန်းမြို့ ပေါ့တ်လန်းစထရီးတ်မှာရှိတဲ့ အိမ်တအိမ်ဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။

တရက်ကျော်ကြာ ချုပ်နှောင်ခံထားရချိန်အတွင်း အကြမ်းဖက်မှု၊ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကို ခံခဲ့ရပြီးနောက် အဲဒီအိမ်ရဲ့ ပထမထပ် ပြတင်းပေါက်ကနေ အပြင်ကို တက်ပြေးခဲ့တာပါ။ 

အဲဒီနောက် အနီးအနားက သစ်ပင်ပေါ် ခုန်ချကာ လမ်းမပေါ်ဆီ ပြေးထွက်ပြီး ရဲကင်း လှည့်ကား တစီးကို တားပြီး အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ဘရက်ဒ်လီရန်းယော့ဒ်နဲ့ အသက် ၂၅ အရွယ် ဂျက်ဆန်နိခိုဆန် တို့ကို ပြန်ပေးဆွဲမှု၊ မတရားချုပ်နှောင်မှုတွေနဲ့ ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခဲ့ပြီး ကျန် ၃ ယောကကိုတော့ မတရားချုပ်နှောင်မှုနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ လွတ်မြောက်လာသူကို ဘေးကင်းရာ ခေါ်ဆောင်ပေးခဲ့ပြီး ပြစ်ဒဏ်ကျသူ ၅ ယောက်စလုံးကိုလည်း အဲဒီလူနဲ့ သူ့မိသားစုဆီ ဆက်သွယ်ခွင့် မရှိအောင် တားမြစ်မိန့် ထုတ်ပြန်ထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013