DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံနေ Air ThanLwin ဝန်ထမ်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 31, 2020
မင်္ဂလာဒုံနေ Air ThanLwin ဝန်ထမ်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့
Donate to DVB

ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါဖြစ်ပွားရာ နေရာတွေကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှာနေသူတစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ထားကြောင်း မင်္ဂလာဒုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မနက်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉  အတည်ပြုလူနာသစ် ၁၂ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ၁၁ ယောက်နဲ့ ရန်ကုန်တိုင်းက မင်္ဂလာဒုံမြို့နယ်က၁ ယောက်ပါဝင်ပြီး၊  မင်္ဂလာဒုံက အသက် ၄၂ နှစ်အရွယ် လူနာအမှတ် ၇၇၆ အမျိုးသားမှာ Air ThanLwin ရဲ့ ကုန်တင်ကုန်ချ ဝန်ထမ်းဖြစ်တယ်လို့ဆိုပါတယ်။ 

သူဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်က  ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ရန်ကုန်ကို ပြန်လာပြီးနောက် ၂၇ ရက်အထိ အလုပ်ဆင်းထားကြောင်း၊ အဲဒီနောက်  သူ့နေအိမ် ကြံခင်းစုရပ်ကွက်နေအိမ်မှာဘဲ ကွာရန်တင်းဝင်နေတာဖြစ်ပါတယ်။ 

သူနဲ့အတူနေမိသားစုဝင် ၄ ယောက်ကိုတော့ ဆေးစစ်ချက်ယူဖို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013