DVB Logo
Home
မြန်မာသတင်း
အလဲဗင်းက နိုင်ငံပိုင်သတင်းစာ ၂ စောင်ကို တရားစွဲမည်
DVB
·
June 18, 2013
အလဲဗင်းက နိုင်ငံပိုင်သတင်းစာ ၂ စောင်ကို တရားစွဲမည်
Donate to DVB

အလဲဗင်းနေ့စဉ်ထုတ်သတင်းစာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာ ၂ စောင်ရဲ့ ရေးသားဖော်ပြချက်တွေအပေါ် ပြန်လည်ဖြေရှင်းလင်းပေးဖို့ အလဲဗင်းနေ့စဉ်ထုတ် သတင်းစာရဲ့အယ်ဒီတာချုပ်က တောင်းဆိုလိုက်ပြီး မဖြေရှင်းပေးပါက တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် အလဲဗင်း နေ့စဉ်ထုတ်သတင်းစာမှာပါရှိတဲ့ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်မည်” ဆိုတဲ့ သတင်းဖော်ပြချက်ကို နိုင်ငံပိုင်ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ မှားယွင်းသော သတင်းထုတ်ပြန်ချက်ဖြစ်ကြောင်း ဒီကနေ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒီဖော်ပြချက်တွေမှာ သတင်းစာတွေရဲ့ ပုဂ္ဂလိကထင်မြင်ယူဆချက်တွေ ပါဝင်ရေးသားထားတဲ့အတွက် ပြန်လည်ရှင်းလင်းပေးဖို့နဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်းတွေကို အလဲဗင်း နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးဝေဖြိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ သတင်းစာမှာရေးသားတဲ့ သတင်းတွေက မှန်ကန်ခိုင်မာတိကျတဲ့ သတင်းရင်းမြစ်တွေ အတိအကျ ရေးသားထားပြီး ဖြစ်ပါတယ်။ ဒီနေ့ထုတ် သတင်းစာမှာပါတဲ့ သတင်းတွေက ကျနော်တို့ကို စွပ်စွဲထားတဲ့ အချက်တွေပါတယ်။ အာဘော်တွေနဲ့ ထည့်ထားတာတွေ ပါတဲ့အတွက် သူတို့ဘက်ကနေ ရှင်းလင်းပေးဖို့ တောင်းဆိုသွားမယ်။ ရှင်းလင်းခြင်းမရှိရင် နိုင်ငံတော်ပိုင်သတင်းစာတွေကို တရားစွဲဆိုသွားမယ်။ မနက်ဖြန်ထွက်မယ့် သတင်းစာမှာလည်း ဘာတွေလုပ်ဆောင်သွားမယ်ဆိုတာ ရှင်းလင်းထုတ်ပြန်သွားဖို့ ရှိပါတယ်။ သက်ဆိုင်တဲ့အတိုင်း တုံ့ပြန်သွားမှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013