DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်က လူနာအမှတ် ၆၅၇ ၏ အိမ်နှင့်လမ်းကို Lock Down ချ (ဓာတ်ပုံ)
DVB
·
August 30, 2020
ချမ်းမြသာစည်က လူနာအမှတ် ၆၅၇ ၏ အိမ်နှင့်လမ်းကို Lock Down ချ (ဓာတ်ပုံ)
1 / 11
Donate to DVB

မန္တလေးမြို့ သံဃာဆေးရုံကြီးမှာ Quarantine ဝင်နေသူ ချမ်းမြသာစည်မြို့နယ်နေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

လူနာသစ် အမှတ် ၆၅၇ ဟာ ဩဂုတ် ၁၆ ရက်နေ့က မိသားစုနဲ့အတူ ရခိုင်ပြည်နယ် မင်းပြားမြို့ကနေ ပြန်လာသူ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့အတူ ပြန်လာသူ မိသားစုဝင်တွေမှာတော့ ရောဂါ ပိုးမတွေ့ဘဲ သူမတစ်ဦးတည်းသား ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ရောဂါပိုး တွေ့ရှိတဲ့ အဲဒီအမျိုးသမီးကို မန္တလေးမြို့ သံဃာဆေးရုံကြီး Quarantine Center ကနေ ကန်တော်နဒီဆေးရုံကို ဩဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမနေထိုင်ရာ ချမ်းမြသာစည်မြို့နယ်အတွင်းက ၅၄ လမ်း နဲ့ (၁၁၀/A) လမ်းထောင့်ရှိ ဇော်ဂျီမောင် သစ်ခွဲစက်နဲ့ သူမ သွားလာရာ နေရာတွေကို Lock Down ပြုလုပ်ထားပြီး လမ်းကို ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ထားပါတယ်။

သူမရဲ့ မိခင်နဲ့ ထိစပ်ခဲ့တဲ့ အယောက် ၃၀ နီးပါးကိုလည်း Quarantine ထားရှိပြီး ရောဂါပိုး စစ်ဆေးမှုတွေ  ပြုလုပ်သွားမယ်လို့  ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုမြို့နယ်ပြည်သူ့ကျန်းမာဦးစီးမှူး ဒေါက်တာနန်းစောထွေးက ပြောပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013