DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့တွင် Mask တပ်ဆင်ရေး လှုပ်ရှားမှု ၃ ရက်ကြာ ပြုလုပ်
DVB
·
August 29, 2020
ဝက်လက်မြို့တွင် Mask တပ်ဆင်ရေး လှုပ်ရှားမှု ၃ ရက်ကြာ ပြုလုပ်
Donate to DVB

ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာနေတာကြောင့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ စည်ပင်သာယာဈေးအနီးတဝိုက်နဲ့ မြို့ဝင်လမ်းအချို့မှာ ဈေးသည်ဈေးဝယ်တွေနဲ့ ခရီးသွားပြည်သူတွေကို ဩဂုတ် ၂၇ ရက်နေ့ကစတင်ပြီး ၃ ရက်ကြာ Mask နဲ့ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေနေတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကော်မတီနဲ့ We Love Wetlet တို့ပူးပေါင်းပြီး မြို့အဝင်၊ ဈေးအဝင်နဲ့ မြို့လယ် ဆိုပြီး ၃ နေရာခွဲ ဖြန်းဝေအသိပညာပေးခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက ပြောပါတယ်။

“အသိပညာပေးတာတွေကို ၃ ရက်လုပ်သွားမှာပါ။ နောက်ရက်တွေဆိုရင်တော့ မက်စ် မတပ်ပဲလာရောက်တဲ့ ဈေးဝယ်ဈေးသည်နဲ့ ခရီးသွားတွေကို ဒုတိယအဆင့်အနေနဲ့  Mask ရေင်းချပြီး တပ်ခိုင်းသွားမှာ။”

Mask တပ်ဆင်ရေး ပထမအဆင့် လှုပ်ရှားမှုအနေနဲ့ ဩဂုတ် ၂၇ စတင်ပြုလုပ်ခဲ့ပြီး ၂၇ ရက်နေ့အထိ ၃ ရက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ စဖြစ်ချိန်ကစပြီး Mask ပေးဝေတာနဲ့ Mask တပ်ဆင်ပြီး သွားလာကြဖို့ အသိပညာပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံတဝန်းလုံးမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅၆ ဦး ရှိလာပြီဖြစ်ပြီး ရခိုင်ပြည်နယ်မှာ  သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃၈ ယောက် တွေ့ရှိထားပါတယ်။ 

အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013