DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၅၉၅ နေအိမ်တိုက်တန်းရှိ မိသားစုဝင်များကို Quarantine စင်တာပို့ (ဓာတ်ပုံ)
DVB
·
August 28, 2020
လူနာအမှတ် ၅၉၅ နေအိမ်တိုက်တန်းရှိ မိသားစုဝင်များကို Quarantine စင်တာပို့ (ဓာတ်ပုံ)
1 / 6
Donate to DVB

ရန်ကုန်မြို့၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွေး ၅ လမ်းသွယ်ရှိ လူနာအမှတ် ၅၉၅ နေအိမ်တိုက်တန်းရှိ မိသားစုဝင် ၂၈ ဦးကို ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာ ရွှေပြည်သာ Quarantine စင်တာကို ပို့ဆောင်ခဲ့ပါတယ်။

ပိုးတွေ့လူနာနေထိုင်ခဲ့တဲ့ နေအိမ်ကို စောင့်ကြည့်ပိတ်ပင်မှုတွေပြုလုပ်ပြီး  ပေါ်ဆန်းမွေး ၅ လမ်းသွယ်ကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

 လူနာအမှတ် ၅၉၅ ဟာ အဝတ်လျှော် အလုပ်လုပ်ကိုင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက နာရေးတခုကို လိုက်ပို့ထားသူလည်း ဖြစ်ပါတယ်။ လူနာအမှတ် ၅၉၅ ဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိသလို ခရီးသွားရာဇဝင်လည်းမရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သြဂုတ် ၂၇ ရက်ညအထိ ၃ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013