DVB Logo
Home
Lead Story
ပုံစံတမျိုးနှင့် ထွက်ရှိလာခဲ့သည့် ဟဲလေးသီချင်းသစ်-“ပျော်အောင်ထားမယ် စိတ်ချပါ” (ရုပ်သံ)
DVB
·
August 28, 2020
ပုံစံတမျိုးနှင့် ထွက်ရှိလာခဲ့သည့် ဟဲလေးသီချင်းသစ်-“ပျော်အောင်ထားမယ် စိတ်ချပါ” (ရုပ်သံ)
Donate to DVB

       “မဖြစ်နိုင်မှန်းသိပေမယ့်… မင်းကိုခုထိချစ်နေတယ်… ပြန်မဖြစ်နိုင်မှန်းသိပေမယ့် … မင်းရဲ့နွေးထွေးမှုလိုတယ်… တခါတလေမှားမိတာ... တသက်လုံး… အဖတ်ဆည်မရ … နင့်စိတ်ထဲက မုန်းပစ်လိုက်တာလား… မတော်လို့လမ်းမမှာ… ပြန်ဆုံကြတဲ့အခါ… ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ… တခါတလေ ရင်ဘတ်ထဲ… အလည်ပြန်လာခဲ့ပါ… ပျော် အောင် ထားမယ် စိတ်ချပါ”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ အဆိုတော် ဟဲလေးရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ ရေပန်းစားနေခဲ့တာပါ။

       “ပျော်အောင်ထားမယ် စိတ်ချပါ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဟဲလေး က ကိုယ်တိုင်ရေးစပ်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

       “အခုတော့လည်း သူ့ရင်ထဲ… အခြားသူသိမ်းပိုက် လိုက်ပြီတဲ့… အထီးကျန်လည်း မတတ်နိုင်ခဲ့… အမှားနဲ့နောက်ကောက်ကျပြီပဲ… အဆင်မပြေတော့တဲ့အခါ…  ပြန်ပြီး လက်ခံပါ… ခုထက်ထိ ငါမင်းမှမင်းပါလား… မတော်လို့လမ်းမမှာ… ပြန်ဆုံကြတဲ့အခါ… ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ… တခါတလေ ရင်ဘတ်ထဲ… အလည်ပြန်လာခဲ့ပါ… ပျော် အောင် ထားမယ် စိတ်ချပါ”

       ခပ်မြူးမြူး သီချင်းဖန်တီးမှုတွေ ဖန်တီးသီဆိုလေ့ရှိတဲ့ ဟဲလေးဟာ ဂီတလောက မှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းခဲ့ပြီးဖြစ်ကာ အောင်မြင်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တွေ၊ အတွဲတေးအဘ်လ်ဘမ်တွေများစွာမှာ ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။

       “မင်းမသိတဲ့အချစ်” ၊ “အချစ်ပျောက်သွားသူ” တကိုယ်တော် တေးအယ်လ်ဘမ် တွေကစလို့ နောက်ပိုင်း အဆိုတော်ပေါင်းများစွာနဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ရင်ခုန်နှုန်း ၁၄” ၊ “နေရာအနှံ့” ၊ “ဝါရင့်သမ္ဘာရင့်” ၊ “ချောကလက်မှိုတက်ညိုပြာညက်” ၊ “ဒယ်ဒီဟဲလေး” စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့တဲ့ တေးအယ်လ် ဘမ်တွေ ဖြစ်ခဲ့တာပါ။

       သူ့သီချင်းတွေထဲက မြူးကြွတဲ့ သင်္ကြန်သီချင်းတွေဟာလည်း ထင်ရှားသလို ဆန်း သစ်တဲ့ စကားလုံးတွေနဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရေးဖွဲ့မှုတွေနဲ့ သီချင်းတွေကလည်း ရေ ပန်းစားသီချင်းတွေ ဖြစ်နေခဲ့တာပါ။

       “တခါတလေမှားမိတာ... တသက်လုံး… အဖတ်ဆည်မရ … နင့်စိတ်ထဲက မုန်းပစ် လိုက်တာလား… မတော်လို့လမ်းမမှာ…  ပြန်ဆုံကြတဲ့အခါ… ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ … တခါတလေ ရင်ဘတ်ထဲ… အလည်ပြန်လာခဲ့ပါ… ပျော် အောင် ထားမယ် စိတ်ချပါ”

       ခုအသစ်ထွက် “ပျော်အောင်ထားမယ် စိတ်ချပါ” သီချင်းထဲမှာတော့ ချစ်သူကောင် မလေးအပေါ် ပြုမူမိတဲ့ အမှားတခုကြောင့် ပြန်လည်ပြင်ဆင်ရင်း ခွင့်လွှတ်ပေးဖို့၊ ပြန်ပြီး တော့ လက်တွဲခဲ့ကြရင် ပျော်ရွှင်အောင်ထားပါ့မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခပ်ဆွေးဆွေး ရေး စပ်ထားခဲ့တာ ဖြစ်ပါတယ်။

       အရင်က ထွက်ရှိခဲ့တဲ့ တခြားသီချင်းတွေနဲ့မတူ တမူထူးခြားတဲ့ ဒီသီချင်းရုပ်သံကို တော့ လူငယ်ဒါရိုက်တာ အောင်မြတ်က ဇာတ်လမ်းစတိုရီပုံစံ ရိုက်ကူးပုံဖော်ပေးထားခဲ့ တာဖြစ်ပြီး ဟဲလေးနဲ့အတူ သရုပ်ဆောင်မော်ဒယ်တွေဖြစ်ကြတဲ့ အလင်းရောင်၊ ခြူးလေး နဲ့ လိုတရတို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013