DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာသဖြင့် ထိုင်းနယ်စပ်လုံခြုံရေးပိုမိုတင်းကြပ် 
DVB
·
August 28, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာသဖြင့် ထိုင်းနယ်စပ်လုံခြုံရေးပိုမိုတင်းကြပ် 
Donate to DVB

မြန်မာနိုင်ငံမှာ ခုရက်ပိုင်းတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မြန်ဆန်မြင့်မားလာပြီး  တရားမဝင်အလုပ်သမားတွေလည်း နယ်စပ်ဘက်ကနေ ထိုင်းနိုင်ငံထဲကို ကြိုးစားဝင်ရောက်လာနေတာကြောင့်   ထိုင်းနယ်စပ်လုံခြုံရေး ပိုမိုတင်းကြပ် စစ်ဆေးနေပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးနဲ့ တရားမဝင် ဝင်ရောက်မှုကာကွယ်ရေးအတွက် အမှတ် ၃ စစ်တိုင်းဒေသနဲ့  နိုင်ငံတော်လုံခြုံရေးထောက်ကူပြုတပ်ကနေ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားတယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံအထူးသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကူးစက်မှုနှုန်းပိုမြန်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇရောဂါပိုးတွေ့ရှိပြီး တစ်နေ့တည်း လူ ၇၀ ကျော်ကူးစက်ကြောင်း ၊  ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်နဲ့ ချင်းမိုင်ခရိုင်ဟာ မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီး အဆိုပါနယ်စပ်တောလမ်းကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ ကျန်းမာရေးစစ်ဆေးခံတာ / ကွာရန်တင်းဝင်တာတွေ လည်း မရှိတဲ့အတွက် နယ်စပ်လုံခြုံရေးပိုမိုတင်းကြပ်ရတာဖြစ်တယ်လို့  ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချ က်မှာ ဖော်ပါတယ်။ 

နယ်စပ်လုံခြုံရေးတင်းကြပ်ရာမှာ တရားမဝင် ဝင်ရောက်မှုထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံနယ်ခြားကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊  ကျေးရွာအုပ်ချုပ်ရေးမှူး ၊ တိုက်နယ်သူကြီး ၊ လူထုခေါင်းဆောင်တွေကို အစည်းအဝေးခေါ်ယူသတိပေးရန်၊  တရားမဝင် ဝင်ရောက်လာသူတွေကို အကျိုးအမြတ်ယူပြီး ခေါ်ဆောင်လာတာ ၊ အကူအညီပေးတာစတဲ့သ တင်းတွေကို စုံစမ်းထောက်လှမ်းပေးပို့ရန်၊  တောလမ်းဝင်ပေါက်တွေမှာ လုံခြုံရေးအင် အားဖြည့်တင်းတာ၊ ဒရုန်းတွေနဲ့ထောက်လှမ်းတာ၊ စီစီကင်မရာနဲ့ ဆလိုက်မီးတိုင်တွေ ဖြည့်စွက်တပ်ဆင်တာ၊ မြစ်ချောင်းကမ်းတလျှောက်  ၂၄ နာရီ အလှည့်ကျစောင့်ကြပ်တာတွေလုပ်ဆောင်ရန်၊ စည်းရိုးတံတိုင်းတွေ ဖြည့်စွက်ကာရံတာနဲ့ သံဆူးကြိုးတွေခတ်ထားရန်၊  တရားမဝင်သူတွေ ဝင်ရောက်နားခိုလေ့ရှိတဲ့နေရာတွေ လိုက်လံစစ်ဆေးရန်၊   တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းပြီး နယ်စပ်လုံခြုံရေးကိစ္စ ပြည်သူတွေကို အသိပညာပေးခြင်းတွေ ပြုလုပ်ရန်တို့ စတဲ့ လုပ်ငန်းတွေ ပါဝင် ပါတယ်။ 

အလားတူ မြဝတီတစ်ဖက်ကမ်း တာ့ခ်ခရိုင်ဘက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်တင်းကြပ်ဖို့အတွက်  နရေးဆွန်ဌာနချုပ်မှ  စစ်တိုင်းမှူး ဗိုလ်ချုပ် အုတ်ကရစ်နွတ်ခမ်းဟိုင် ကိုယ်တိုင် ဒီကနေ့ မဲဆောက်မြို့ကို လာရောက်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးတံတား အဝင်ထွက်ဂိတ်တွေ စစ်ဆေးဖို့ရှိတယ်လို့ ဆယာမ်ရတ် ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- 77Kaoded

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013