DVB Logo
Home
သတင်းတို
မုဒိန်းမှုတားဆီးရေး ဒလတွင် ဆန္ဒပြ
DVB
·
June 18, 2013
Donate to DVB

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ မုဒိန်းမှု ကျူးလွန်ခံရမှု များပြားနေတဲ့အပေါ် သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူတားမြစ်ပေးနိုင်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခု ရန်ကုန်တိုင်း ဒလမြို့နယ် ဆာပါချောင် ကျောင်းစုရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက “မှုခင်းကျဆင်းရေး ၀ိုင်းဝန်းဆောင်ရွက်ပေး”၊ “ပြစ်မှုကျူးလွန်ခြင်းသည် ဆုံးရှုံးခြင်း တမျိုးဖြစ်သည်၊ သားသမီးချင်း ကိုယ်ချင်းစာပါ” စတဲ့ဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုတွေအရ ပြီးခဲ့တဲ့ ၅ လတာအတွင်း မုဒိန်းမှု ၆၁ မှုဖြစ်ပွားခဲ့ပြီး အဲဒီအထဲက တ၀က်လောက်ဖြစ်တဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးသူတွေ အား အဓမ္မ ပြုကျင့်ခံရမှုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ် အပါအ၀င် အရွယ်မရောက်သေးသူတွေကို အဓမ္မပြုကျင့်မှု မှုခင်းများပြားလာနေပြီး အခု ဆန္ဒပြပွဲကတော့ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013