DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ရောဂါပိုးတွေ့ ရခိုင်ပြည်နယ်က မြို့နယ်များကို ညမထွက်ရအမိန့် ထုတ်မည်
DVB
·
August 28, 2020
ကိုဗစ်ရောဂါပိုးတွေ့ ရခိုင်ပြည်နယ်က မြို့နယ်များကို ညမထွက်ရအမိန့် ထုတ်မည်
Donate to DVB

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတဲ့ မြို့နယ်တွေကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်ခံရတဲ့ စစ်တွေမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ကျန်တဲ့ မြို့နယ်တွေမှာပါ ကိုဗစ်ရောဂါ ထပ်မံကူးစက်ခံရသူတွေ တွေ့ရှိလာရတာကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားဖို့လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

“အခု ကိုဗစ်တွေ့တဲ့ မြို့နယ်တွေကတော့ ၁၄၄ ထုတ်ဖို့ရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ ပြည်ထောင်စုကိုတင်ပြရဦးမယ်၊ ပြည်ထောင်စုက အတည်ပြုမှသာ ထုတ်လို့ရမှာပါ။ ကိုဗစ်မတွေ့တဲ့ မြို့နယ်တွေတော့ မပါနိုင်သေးဘူး။ ၁၄၄ ထုတ်ရတဲ့ အဓိကရည်ရွက်ချက်ကတော့ ကိုဗစ်ကာလ အတွင်းမှာ အသွားအလာတွေ ဆင်ခြင်ဖို့အတွက် ရည်ရွယ်ချက်ဖြစ်ပါတယ်။ ၉ နာရီ (ည) ကနေ ၄ နာရီ (မနက်) ထိပေါ့။ စစ်တွေမှာ ထုတ်တဲ့အချိန်နဲ့ တပြေးညီပဲထုတ်ဖို့လို့ပြောတာ။ စစ်တွေမှာလည်း ကိုဗစ်အတွက် ထုတ်တာဖြစ်တဲ့အတွက်ကြောင့် စစ်တွေနဲ့အညီပဲ ထုတ်ဖို့များပါတယ်။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  သြဂုတ် ၁၆ ရက်နေ့ကစတင်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်ခံရသူ ၁ ဦးကိုတွေ့ရှိခဲ့ပြီးနောက် ရောဂါပိုးတွေ့သူ များလာတာကြောင့် ကိုဗစ်တွေ့ရှိသူတွေရဲ့ နေအိမ်တွေနဲ့ လမ်းတွေကို Lock Down ချမှတ်ခဲ့သလို သြဂုတ် ၂၁ ရက် နေ့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်မှာ ကိုဗစ်ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ၂၀၀ ဝန်းကျင်ထိရှိလာနေပြီး စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော်ထိ ရှိလာနေပါတယ်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ဖို့ သြဂုတ် ၂၆ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို Stay at Home သတ်မှတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013