DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်၏ ပေါ်လစီ ပြည်သူများ မေးမြန်း
DVB
·
June 17, 2013
ရှမ်းပြည်တပ်မတော်၏ ပေါ်လစီ ပြည်သူများ မေးမြန်း
Donate to DVB

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ဒေသခံတွေ ဒီနေ့တွေ့ဆုံခဲ့ပြီး ရှမ်းပြည်တပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးပေါ်လစီ၊ အဓမ္မ တပ်သားစုဆောင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကို ပြည်သူတွေက မေးမြန်းခဲ့ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ဝင်တွေဟာ ကျောက်မဲမြို့ မြို့တော်ခန်းမမှာ ဒီနေ့မနက် ဌာနဆိုင်ရာအဖွဲ့အစည်း၊ ကျားဖြူပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  လွှတ်တော်အမတ်တွေ၊ တအာင်းတိုင်းရင်းသား အဖွဲ့အစည်း၊ ရပ်မိရပ်ဖနဲ့ အနီးနားပတ်ဝန်းကျင်ကျေးရွာက ပြည်သူတွေ စုစုပေါင်း လူ ၆၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသခံတွေက မေးမြန်းခဲ့ကြတာပါ။

ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က သူတို့တပ်မတော် ပေါ်လစီမှာ အဓမ္မတပ်သားစုဆောင်းတာ၊  အခွန်ကောက်တာ မရှိပေမယ့် ဌာနချုပ်နဲ့ အလှမ်းဝေးတဲ့ နေရာမှာတော့   စည်းကမ်းနဲ့ အလှမ်းမမီတာရှိကြောင်း ဖြေဆိုသွားတယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ကျားဖြူပါတီ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းခမ်းကျော်က ပြောပါတယ်။

ဒါ့အပြင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် ပြည်သူတွေရဲ့ လိုလားချက်အပေါ်မှာသာ မူတည်တဲ့အကြောင်း ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့အဖွဲ့ဟာ မွန်းလွဲပိုင်းမှာတော့ ကျောက်မဲမြို့ မွေတော်ရပ်ကွက်  ကျားငါးကောင်ဆေးတိုက်မှာ သိန္နီ၊ လားရှိုး၊ ကျောက်မဲနဲ့ သီပေါ စတဲ့မြို့နယ်က ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းကိုယ်စားလှယ်၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့နဲ့ လူငယ် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာ၊ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ အပစ်အခတ်ရပ်ရေးကိစ္စတွေကို ပြောကြားခဲ့ပြီး  လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေကလည်း  သူတို့ဒေသမှာ တွေ့ကြုံနေရတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ မြေသိမ်းခံရမှုပြဿနာတွေကို ပြန်လည်ဆွေးနွေးတင်ပြခဲ့တယ်လို့  စိုင်းလျောဝ်းဖိုင်က ဆက်ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ဒီနေ့ညနေပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း  နောင်ချိုမြို့နယ်ဘက်ကို ခရီးဆက်လက် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013