DVB Logo
Home
မြန်မာသတင်း
အတည်ပြုလူနာအမှတ် ၅၈၀ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူဖြစ်
DVB
·
August 27, 2020
အတည်ပြုလူနာအမှတ် ၅၈၀ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူဖြစ်
Donate to DVB

သြဂုတ်လ ၂၆ ရက်နေ့ညက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမေရိကန်ကပြန်လာတဲ့ အတည်ပြုလူနာအမှတ် ၅၈၀ ဟာ သြဂုတ်လ ၁၈ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာတဲ့သူဖြစ်ပါတယ်။ 

သူဟာ သြဂုတ် ၂၅ ရက်ညက ထုတ်ပြန်တဲ့ အတည်ပြုလူနာ ၄၇၆ ရဲ့ သမီးဖြစ်တယ်လို့ Quarantine စင်တာ တာဝန်ရှိသူထံက သိရပါတယ်။

 သူတို့ကို လှိုင် Quarantine စင်တာမှာ တစ်ခန်းတည်း အတူထားတာဖြစ်ပြီး လက်ရှိ Quarantine စင်တာမှာတော့ သူတို့နဲ့ ထိတွေ့သူ မရှိဘူးလို့ သိရပါတယ်။

 သူတို့ကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

 သြဂုတ် ၁၈ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက ၁ ဦး၊ ချက်သမ္မတနိုင်ငံက ၁ ဦး၊ ဩစတြီးယား ၂ ဦး၊ ဗီယက်နမ်က ၂ ဦး၊ အီတလီက ၂ ဦး၊ ဆွဇ်ဇာလန်က ၃ ဦး၊ ဘရာဇီးက ၃ ဦး၊ အင်ဒိုနီးရှားက ၄ ဦး၊ ဗြိတိန်က ၃ ဦး၊ ကနေဒါက ၄ ဦး၊ ဘယ်လ်ဂျီယံက ၅ ဦး၊ အီဂျစ် ၅ ဦး၊ အမေရိကန်က ၂၉ ဦး၊ ကိုရီးယားက ၂၈ ဦး၊ သင်္ဘောသား ၁၇ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၉ ဦးကို ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ 

သတင်း - နူးရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013