DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် အီးယူတင်ပို့နိုင်မှုကြောင့် အခြားနိုင်ငံများကို ယှဉ်ပြိုင်နိုင်တော့မည်
DVB
·
June 17, 2013
မြန်မာ့ဆန် အီးယူတင်ပို့နိုင်မှုကြောင့် အခြားနိုင်ငံများကို ယှဉ်ပြိုင်နိုင်တော့မည်
Donate to DVB

မြန်မာပြည်ကဆန်တွေကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လက်ခံလာပြီဖြစ်တဲ့အတွက် ပြည်ပဆန်တင်ပို့မှုမှာ အခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်နိုင်တော့မှာဖြစ်ပါတယ်။

မြန်မာပြည်ကဆန်တွေကို အရှေ့တောင်အာရှဒေသအတွင်း ဖြန့်ချိလျက်ရှိရာမှ အခုလအတွင်း အခွန်ကင်းလွတ်ခွင့်နဲ့အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လက်ခံလာပြီဖြစ်တဲ့အတွက် အခြား ပြည်ပဆန်တင်ပို့တဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်တော့မှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အမှုဆောင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ဆန်စက်တွေကို အဆင့်မြှင့်ဖို့အတွက် ပေါင်းဆန်စက် ၁၀ လုံး တပ်ဆင်ဖို့ လုပ်နေတယ်၊ မြန်မာပြည်ရောက်နေတယ်။ အီးယူတိုင်းပြည်တွေရော၊ တခြားတိုင်းပြည်တွေရော အဆင့်မြင့်ဆန်တင်ပို့နိုင်တော့မယ်။ ကျနော်တို့က အနည်းဆုံး ဒေါ်လာ ၂၂၅ သက်သာလို့ ကျန်တိုင်းပြည်တွေကို ယှဉ်နိုင်လို့ အလားအလာကောင်းတဲ့ သဘောရှိပါတယ်။”

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြောင့် မြန်မာဆန်ပြည်ပတင်ပို့မှု လာမယ့်နှစ်အတွင်း အားကောင်းလာနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးမျိုးသူရအေးက အခုလို ပြောပါတယ်။

“ကျနော်တို့ ဈေးကွက်က ဘယ်လောက်ထိ သူတို့ရဲ့ ကွာလတီ၊ လိုအပ်ချက်ကို လုပ်နိုင်မလဲဆိုတာ မူတည်တယ်။ သူတို့ရဲ့ လိုအပ်ချက်အရ အများစုက ကွာလဖိုင်းမဖြစ်သေးဘူး။ လာမယ့်နှစ်မှာတော့ ဈေးကွက်ပေါ်လာပြီဆိုရင်တော့ အကုန်လုံးက ပြင်ဆင်ပြီးတော့ ရအောင် ပို့ကြမှာပဲ။ ၂၀၁၄ လောက်ဆို အရေအတွက် အများကြီးပို့နိုင်မယ်။ သူတို့ဘက်က ၀ယ်လိုအားရှိပေမယ့် ကျနော်တို့ဘက်က သူတို့ရဲ့ကွာလတီနဲ့ ကွာလဖိုင်းဖြစ်အောင် လိုက်ရောင်းနိုင်ဖို့ လိုတယ်။ သူတို့ဘက်ကို အစမ်းပို့တဲ့သဘောမျိုးနဲ့ စသွားနေတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013